Transportation

ကန္တာရတွင် ၂နှစ်ခွဲ သိမ်းထားခဲ့သည့် Qantas Airbus A380 ပြန်လည် စတင် ပျံသန်း

ကန္တာရတွင် ၂နှစ်ခွဲ သိမ်းထားခဲ့သည့် Qantas Airbus A380 ပြန်လည် စတင် ပျံသန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ကန္တထဲရတွင် နှစ်နှစ်ခွဲကြာ သိုလှောင်ထားပြီးနောက် Qantas လေကြောင်းလိုင်းမှ Airbus A380 သည် ကောင်းကင်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

.

သက်တမ်း ၁၄ နှစ်ရှိ A380 သည် ကပ်ရောဂါကာလတွင် ကယ်လီဖိုးနီးယား၊ ဗစ်တိုရီဗီးလ်လေဆိပ် Victorville Airport (VCV) တွင် အချိန်ကုန်ဆုံးခဲ့ပြီး ယခုအခါ အဘူဒါဘီသို့ ခရီးစဉ် ပျံသန်းပါသည်။

.

ခရီးသည် ၄၈၄ ဦး ဆံ့သည့် Airbus A380 (မှတ်ပုံတင်- VH-OQA) သည်  ကိုဗစ်ကပ်ရောဂါကာလတစ်လျှောက် ရပ်နားထားခဲ့ရသဖြင့် ဗစ်တိုရီဗီးလ်လေဆိပ် (VCV)ဟု လူသိများသော  လေယာဉ်များ သိမ်းဆည်းပေးသည့် Southern California Logistics Airport  ကန္တရ လေယာဉ်ရပ်နားစခန်းတွင် ရှိနေခဲ့သည်မှာ ၂၀၂၀ ခုနှစ် ဇူလိုင်လကတည်းက ဖြစ်ပါသည်။ 

.

FlightRadar24.com မှ အချက်အလက်များအရ  စက်တင်ဘာ ၂၄ ရက်က VH-OQA  သည် VCV  လေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး လော့စ်အိန်ဂျယ်လိစ် အပြည်ပြည်ဆိုင်ရာလေဆိပ် Los Angeles International Airport (LAX) သို့ ဆိုက်ရောက်ပါသည်။ ထို့နောက် အဆိုပါ လေယာဉ်ကို  ပြုပြင်ထိန်းသိမ်းမှုများ  လွန်ခဲ့သည့်နှစ်လအတွင်း ဆောင်ရွက်ခဲ့ပါသည်။

.

၂ ထပ်လေယာဉ်အကြီးစား VH-OQA သည် နိုဝင်ဘာလ ၁၇ ရက်တွင် လော့စ်အိန်ဂျယ်လိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လန်ဒန်ဟိသရိုးလေဆိပ် London Heathrow Airport (LHR) သို့ ပျံသန်းခဲ့ပါသည်။  ထို့နောက် အဘူဒါဘီသို့ ခရီးဆက်ပါသည်။

.

Airbus A380 လေယာဉ်အသစ်  VH-OQA ကို ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် Qantas သို့ ပို့ဆောင်ခဲ့ပါသည်။ ယခုအခါ သက်တမ်း ၁၅  နှစ်နီးပါး ရှိပြီဖြစ်သည်။ လေယာဉ်ကို "Nancy-Bird Walton"  ဟု အမည်ပေးခဲ့ပါသည်။ ဩစတေးလျမှ လေယာဉ်မှူးလိုင်စင် ရရှိသည့် အမျိုးသမီးများတွင် အသက်အငယ်ဆုံးဖြစ်သည့် Nancy-Bird Walton ကို ဂုဏ်ပြုသောအားဖြင့် ပေးထားသောအမည် ဖြစ်ပါသည်။

VH-OQA သည် Qantas လေကြောင်းလိုင်းတွင် အသက်အကြီးဆုံး လေယာဉ်ဖြစ်ပါသည်။

Source simpleflying

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(1 Vote)