Transportation

တရုတ်မှ COMAC ပြည်တွင်းဖြစ် ဂျက်လေယာဉ် အမှာစာ ၃၀၀ စီး ရရှိ

တရုတ်မှ COMAC  ပြည်တွင်းဖြစ် ဂျက်လေယာဉ် အမှာစာ ၃၀၀ စီး ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

COMAC မှ ထုတ်လုပ်သည့် တရုတ်ပြည်တွင်းဖြစ်  မင်းလမ်းတစ်ခုတည်း ပါသည့် ဂျက်လေယာဉ် C919 သည် Boeing နှင့် Airbus လေယာဉ်များကို တရုတ်ပြည်တွင်း ဈေးကွက်ထဲ ယှဉ်ပြိုင်ရမည် ဖြစ်ရာ C919 သည် ဈေးနှုန်း ကန်ဒေါ်လာ ၉၉ သန်း ဝန်းကျင် ရှိသည့် Boeing 737 MAX နှင့် Airbus A320neo တို့ကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

သို့သော် 737 MAX နှစ်ကြိမ်ပျက်ကျခဲ့ပြီး ခရီးသည်များ သေဆုံးခဲ့ပြီးသည့်နောက်တွင် တရုတ်ပြည်တွင်း လေကြောင်းပျံသန်းမှုများတွင် 737 MAX ကို ရပ်နားထားသည်မှာ ယခုအထိ ဖြစ်သည်။

.


Boeing 737 MAX ပျံသန်းမှု တရုတ်နိုင်ငံတွင် ဆက်လက်ရပ်ဆိုင်းထား

https://logisticsguide.com.mm/en/knowledge/rules-regulations/226719-boeing-737-max.html

 


ဂျက်လေယာဉ် C919 ကို ထုတ်လုပ်သည့် တရုတ်နိုင်ငံမှ Commercial Aircraft Corporation of China COMAC သည် ကြိုတင်အမှာစာ စီးရေ ၃၀၀ ရရှိထားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ သို့သော် တန်ဖိုးပမာဏကို ထုတ်ဖော်ပြောကြားခြင်း မပြုချေ။

.

မကြာသေးခင်ကမှ အရည်အသွေး ပြည့်မီကြောင်း လက်မှတ်ရရှိထားသည့်  C919 ကို တရုတ်တောင်ပိုင်း Zhuhai တွင် ကျင်းပသည့် လေယာဉ်ပြပွဲတွင် ပြသခဲ့သည်။ 

.

COMAC ရရှိထားသည့် အမှာစာများသည် လေယာဉ်အငှား လုပ်ငန်းများထံမှ ဖြစ်ပြီး China Development Bank Leasing ၊ CMB Financial Leasing ၊ CCB Financial Leasing ၊ BOCOM Leasing ၊  SPDB Financial Leasing ၊ Jiangsu Financial Leasing ၊ ICBC Leasing တို့ ပါဝင်သည်။

.

C919 သည် ခရီးသည် ၁၉၂ ဦး လိုက်ပါနိုင်ပြီး ခရီးတာ ၅,၅၅၅ ကီလိုမီတာ (၃,၄၅၁ မိုင်) အထိ ပျံသန်းနိုင်သည်။

Source Asia Nikkei
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)