မကြုံစဖူး ပြောစမှတ်တွင်အောင် အဝယ်ကြမ်းတဲ့ MSC
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၀၂၀ ဩဂုတ်လမှစ၍ ဂျနီဗာမြို့ အခြေစိုက် Mediterranean Shipping Co (MSC) က တစ်ပတ်ရစ်သင်္ဘော အစီး ၂၅၀ ကျော် ဝယ်ယူခဲ့တဲ့အပြင် သင်္ဘောကျင်းများမှာလည်း ကွန်တိန်နာသင်္ဘော အသစ်များ တည်ဆောက်ပေးဖို့ မှာကြားထားတာ teu စုစုပေါင်း ၁.၇ သန်း ရှိပါတယ်။
ယခုလို တိုးချဲ့တဲ့နှုန်းကို ကုန်သွယ်ရေကြောင်းမှာ တစ်ခါမှ မကြုံခဲ့ဖူးပါ။ ယခုလို အဝယ်ကြမ်းတာကြောင့် ပထမနေရာမှာ ရှိနေတဲ့ Maersk ကို MSC က ယခုနှစ်ဆန်းမှာ ကျော်လွန်သွားပါတယ်။
MSC မှာကြားထားတဲ့ သင်္ဘောအသစ်များရဲ့ teu စုစုပေါင်းက ကမ္ဘာ့ပဉ္စမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd ရဲ့ teu စုစုပေါင်ထက် ပိုများပါတယ်။
Alphaliner ရဲ့ အချက်အလက်များအရ တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများ အဝယ်အများဆုံး ကွန်တိန်နာသင်္ဘောလိုင်း ၇ ခုတို့ရဲ့ စုစုပေါင်း ဝယ်ယူတဲ့ ပမာဏထက်လည်း MSC ဝယ်ယူတာက ပိုများပါတယ်။
၁၉၇၀ ဝန်းကျင်မှာ MSC က ချာတာငှားထားတဲ့ သင်္ဘောများဖြင့် ပြေးဆွဲတာကို အာရုံစိုက်ထားခဲ့ပါတယ်။ ဝင်ငွေစံချိန်တင် ရရှိတဲ့ကာလမှာ ပြောင်းလဲသွားခဲ့ပါတယ်။ ၂၀၂၀ နှစ် နှစ်စမှာ ကုမ္ပဏီပိုင် သင်္ဘော အချိုးအစားက ၅၁% မှ ၆၉% သို့ မြင့်တက်လာခဲ့ပါတယ်။
ပို့ဆောင်နိုင်စွမ်း teu နှင့် ဈေးကွက်ဝေစု လစဉ် ကြီးထွားနှုန်း
.
၂၀၂၂ စက်တင်ဘာလမှာ လေကြောင်းကုန်စည် ပို့ဆောင်ရေးအတွက် MSC Air Cargo ကို စတင်ခဲ့ပါတယ်။ နောက်နှစ်မှာ ကုန်တင်လေယာဉ်တွေ စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။
MSC က ကုမ္ပဏီများကိုလည်း ဝယ်ယူခဲ့ပါတယ်။
အောက်တိုဘာလမှ MSC က တွန်း/ဆွဲရေယာဉ်လုပ်ငန်း Rimorchiatori Mediterranei ရဲ့ ရှယ်ယာ ၁၀၀% ကို ဝယ်ယူဖို့ သဘောတူခဲ့ပါတယ်။
Bolloré Africa Logistics နှင့် Log-In Logistica အပါအဝင် ကုမ္ပဏီအချို့ကို ဝယ်ယူခဲ့ပါတယ်။
MSC ရဲ့ပိုင်ရှင် သိုသိုသိပ်သိပ် နေထိုင်သူ Gianluigi Aponte has ရဲ့ ကြွယ်ဝမှုအစုစုတို့ဟာ ယခုအခါ ကန်ဒေါ်လာ ၁၀၀ ဘီလီယံ အထက်မှာ ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဆွစ်ဇာလန်မှာ အချမ်းသားဆုံး မိသားစု ဖြစ်ပါတယ်။
ပုံများ
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U