IndiGo CarGo သည် ရန်ကုန်၊ ကိုလ်ကတ္တားမြို့အကြား ပထမဆုံးအကြိမ် ပျံသန်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
IndiGo CarGo သည် ရန်ကုန်၊ ကုိလ်ကတ္တားမြို့အကြားနိုင်ငံတကာ လေကြောင်းခရီးစဉ်ကို ပထမဆုံးအကြိမ် ပျံသန်းခဲ့ပါသည်။
.
အင်္ဂါနေ့(နိုဝင်ဘာ ၂၂) တွင် A321 P2F ကုန်တင်လေယာဉ်သည် အထွေထွေကုန်စည် အလေးချိန် ၁၉,၀၀၀ ကီလိုဂရမ်ကျော် တင်ဆောင်ပြီး ကုိလ်ကတ္တားမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းခဲ့ပါသည်။
အဆိုပါလေယာဉ်သည် နယူးဒေလီနှင့် မွမ်ဘိုင်း မြို့နှစ်ခုအကြား ပြည်တွင်းခရီးစဉ် ကုန်စည်ပို့ဆောင်ရေး ပျံသန်းနေသည့် လေယာဉ် ဖြစ်ပါသည်။
အဆိုပါလေယာဉ် A321P2F သည် ခရီးသည် လေယာဉ်အဖြစ်မှ ကုန်တင်လေယာဉ်အဖြစ်သို့ ပြောင်းလဲထားသည့် လေယာဉ်ဖြစ်ပါသည်။ ကိုယ်ထည်အကျဉ်း လေယာဉ်ဖြစ်ပြီး ကွန်တိန်နာ ၂၂ လုံး ဝင်ဆံ့ပါသည်။ ကုန်စည် အလေးချိန် ၂၇ တန်အထိ သယ်ဆောင်နိုင်ပါသည်။
Source wap.business
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U