ဂျပန်သင်္ဘောလိုင်း ကြီး၃ကြီး ၂၀၂၃ အတွက် ခန့်မှန်းပြောကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဇန်န၀ါရီလ ပထမပတ်တွင် ဂျပန်သင်္ဘောလိုင်းကြီး သုံးခုတို့မှ အကြီးအကဲများသည် နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးမိန့်ခွန်း ပြောကြားသည့် ထုံးတမ်းစဉ်လာအရ နှစ်သစ်ကူးမိန့်ခွန်း ပြောကြားခဲ့ကြသည်။
အကြီးအကဲ ၃ ဦးစလုံးသည် ၂၀၂၂ တွင် ဝင်ငွေကောင်းခဲ့ကြပြီးနောက် ၂၀၂၃ အတွက် အလားအလာများကို သတိထားချင့်ချိန်ရန် တိုက်တွန်းထားကြသည်။
.
ကွန်တိန်နာသင်္ဘောများ၊ LNG တင်သင်္ဘောများနှင့် ကားတင်သင်္ဘောများ အားလုံးသည် မကြုံစဖူး မြင့်မားသော ပို့ဆောင်ခနှုန်းထားများ ရရှိခဲ့သည့် နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ကြသည်။
ဂျပန်သင်္ဘောလိုင်း ကြီး၃ကြီးဖြစ်ကြသော Nippon Yusen Kaisha (NYK), Kawasaki Kisen Kaisha (K Line), Mitsui OSK Lines (MOL) တို့သည်လည်း လာမည့် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည် ဘဏ္ဍာရေးနှစ်အတွင်း စံချိန်တင် ဝင်ငွေ ကောင်းခဲ့ကြသည်။
ဂျပန်သင်္ဘောလိုင်း ကြီး၃ကြီးတို့တွင် သင်္ဘောစီးရေ စုစုပေါင်း ၁,၅၀၀ ကျော်ရှိသည်။
၎င်းတို့က ၂၀၂၃ တွင် စိန်ခေါ်မှု ပိုမိုများပြားသည့်ဈေးကွက် အခြေအနေများကို ရင်ဆိုင်ရလိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။
.
"ကမ္ဘာ့အလားအလာက ၂၀၂၃ မှာ ပြီးခဲ့သော နှစ်နှစ်နှင့် ကွဲပြားလိမ့်မယ်။ ကိုဗစ်သက်ရောက်မှု ရှည်ကြာနေဆဲဖြစ်ခြင်း၊ ကမ္ဘာတစ်ဝှမ်း ငွေဖောင်းပွနေခြင်း၊ စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေခြင်း၊ ရုရှား- ယူကရိန်းစစ်ပွဲ၊ တင်းကျပ်တဲ့ ငွေကြေးမူဝါဒများကြောင့် စီးပွားရေးကျပ်တည်းတဲ့အရေးကို စိုးရိမ်စရာ ဖြစ်နေကြရပါတယ်။ ဥရောပနှင့်အခြားနေရာများမှာ စားသုံးသူများ အသုံးအစွဲ လျော့ကျနေပါတယ်။ ဝင်ငွေ အဓိကအားဖြင့် ရရှိနေတဲ့ ONE က ဒီရေ ရေဆန်ကို ခုတ်မောင်းနေရတဲ့ စီးပွားဝန်းကျင်ထဲ ရောက်နေပါတယ်" ဟု NYK သင်္ဘောလိုင်း အကြီးအကဲ Hitoshi Nagasawa က ပြောကြားပါသည်။
.
ONE – Ocean Network Express သည် ဂျပန်သင်္ဘောလိုင်း ကြီး၃ကြီးဖြစ်ကြသည့် NYK, MOL, K Line တို့ ၂၀၁၇ တွင် ထူထောင်ခဲ့သည့် ဖက်စပ် ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပါသည်။
၎င်းသင်္ဘောလိုင်း ၃ ခုအတွက် စံချိန်တင်ဝင်ငွေများ ရရှိနေသည့် ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပါသည်။
.
K Line အကြီးအကဲ Yukikazu Myochin က မရှင်းမလင်း မပြတ်မသားဖြစ်နေပြီး မသေချာ မရေရာသည့် အခြေအနေ အမျိုးမျိုးတို့သည် စီးပွားဝန်းကျင်အပေါ် သက်ရောက်မှု ပြင်းထန်နေသည့်အပြင် စွမ်းအင်ဈေးကြီးခြင်း၊ ငွေဖောင်းပွမှု မြင့်မားခြင်း၊ ဗဟိုဘဏ်များ အတိုးနှုန်း မြှင့်တင်နေကြသည်မှာ မြန်ဆန်နေခြင်း၊ တရုတ်ကိုဗစ် မူဝါဒ ပြောင်းလဲခြင်းတို့ ပေါင်းဆုံနေသဖြင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အနာဂတ်ဝယ်လိုအားကို အတိအကျ ခန့်မှန်းဖို့ အလွန်ခက်ခဲကြောင်း ၎င်း၏ ကုမ္ပဏီဝန်ထမ်းများကို နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။
.
MOL ၏ အကြီးအကဲ Takeshi Hashimoto က ကမ္ဘာ့ပို့ဆောင်ရေးဈေးကွက်သည် အမြဲတမ်း မငြိမ်မသက်ဖြစ်နေတတ်ပြီး စျေးကွက်အခြေအနေများ အလွန်ကောင်းနေခဲ့ပြီးသည့်နောက်တွင် အဆိုးဘက်သို့ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
သို့ဖြစ်ရာ ဈေးကွက်အကျဘက်သို့ ရောက်ရှိပြီး ကျဆင်းမည့်အရေးအတွက် မဖြစ်မနေ ပြင်ဆင်ထားကြရမည်ဟု ၎င်းက သတိပေးတိုက်တွန်းပါသည်။
.
MOL မှ LNG တင်သင်္ဘောများသည် ရုရှား LNG ကို ပို့ဆောင်ပေးလျက်ရှိရာ ဂျပန်အစိုးရ၏ မူဝါဒနှင့်အညီ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားပါသည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U