YTSB--YTSBချယ်ရီနှင့် ပင်လယ်စာ နှစ်သစ်ကူးအမီ Boeing 777F ၈ စီးဖြင့် ပို့ဆောင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
နယူးဇီလန်နိုင်ငံမှ ချယ်ရီသီးများနှင့် ပင်လယ်စာများသည် တရုတ်နှစ်သစ်ကူးအတွက် ဈေးကွက်သို့ အချိန်မီ လတ်လတ်ဆတ်ဆတ် အရောက်ပို့ပေးနိုင်ရန် လေကြောင်းဖြင့် တိုင်ပေသို့ တိုက်ရိုက် ပို့ဆောင်နေသည်။
China Airlines မှ Boeing 777 ကုန်တင်လေယာဉ်များသည် ယခုလတွင် နယူးဇီလန်နိုင်ငံ ခရစ်ချပ် အပြည်ပြည်ဆိုင်ရာလေဆိပ် Christchurch International Airport (CHC) မှ လေကြောင်းကုန်စည်များကို ထိုင်ဝမ်မှ တိုင်ပေမြို့သို့ ခရီးစဉ် ၈ ခုဖြင့် ပို့ဆောင်ပေးသည်။
၎င်းလေကြောင်းခရီးစဉ်များတွင် တန်ဖိုးမြင့် စားသောက်ကုန် ပင်လယ်စာများဖြစ်သော ကမာကောင်များ၊ ပုဇွန်များ၊ အအေးခံထားသော ဆော်လမွန်များကို ချယ်ရီသီး လတ်လတ်ဆတ်ဆတ်များနှင့်အတူ ပို့ဆောင်ပေးရာ၌ စုစုပေါင်း အလေးချိန် ကီလိုဂရမ် ၈ သိန်းကျော် ရှိသည်။ ခရီးစဉ်တိုင်းတွင် နေရာလပ်ကို အခြားအထွေထွေ ကုန်စည်များ တင်ဆောင်မည် ဖြစ်သည်။
China Airlines 77F-1
Photo: China Airlines
နယူးဇီလန်နိုင်ငံ South Island တွင် စိုက်ပျိုး ဆွတ်ခူးသည့် ချယ်ရီသီးများသည် ပြည်တွင်းပြည်ပ ဈေးကွက်များတွင် ကျော်ကြားသည်။
ယခုနှစ် ချယ်ရီရာသီတွင် စုစုပေါင်း အလေးချိန် ကီလိုဂရမ် ၅ သန်း ရရှိမည်ဟု ခန့်မှန်းထားသည်။ ဆွတ်ခူးပြီး ရက်ပိုင်းအတွင်း ပြည်ပဈေးကွက်ထဲသို့ အရောက်ပို့ပေးနိုင်ရန်နှင့် ချယ်ရီသီး ရောင်းအားအကောင်းဆုံးကာလဖြစ်သည့် တရုတ်နှစ်သစ်ကူးကာလကို ခါတော်မီ ပို့ပေးနိုင်ရန် လေကြောင်းကုန်စည်အနေဖြင့် တင်ပို့သည်။
တရုတ်နှစ်ကူးအကြိုကာလမှာ ဝယ်လိုအား မြင့်တက်လာပါသည်။ ယခုနှစ်တွင် ဇန်နဝါရီလ ၂၂ ရက်တွင် နှစ်သစ်ကူးပါသည်။ နှစ်သစ်ကူးနီးလာချိန်တွင် ပင်လယ်စာများ ဈေးခုန်တက်သဖြင့် လေကြောင်းဖြင့် တိုက်ရိုက်တင်ပို့ရန် တွက်ခြေကိုက်သဖြင့် လေကြောင်းကုန်စည်အနေဖြင့် တင်ပို့ခြင်း ဖြစ်ပါသည်။
သို့ဖြစ်ရာ နယူးဇီလန်ရှိ Christchurch International Airport(CHC) မှ ချယ်ရီသီးများနှင့် ပင်လယ်စာများကို ထိုင်ဝမ်ရှိ Taipei Taoyuan International Airport (TPE) သို့ တစ်ရက်ခြား ဇန်နဝါရီလ ၂၂ ရက်အထိ ပျံသန်းပါသည်။
Air New Zealand Boeing 787-9
Photo: Masaktsu Ukon via Wikimedia Commons
Air New Zealand ကလည်း Boeing 787 ခရီးသည်လေယာဉ် ၅စီးကို ကုန်တင်လေယာဉ်များအဖြစ် အသုံးပြုပြီး အမေရိကန် လော့အိန်ဂျာ်လိစ်နှင့် အာရှနိုင်ငံ အချို့တို့ထံ တစ်ပတ် ၅ ကြိမ် နောပ်ထပ် ၃ လတိုင်တိုင် ပျံသန်းပေးနေပါသည်။
Sources: Transport New Zealand
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U