၄နှစ်နီးပါး ရပ်ထားသည့် Boeing 737 MAX ပြန်လည်စတင်ပျံသန်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကိုယ်ထည်အကျဉ်း အမျိုးအစားဖြစ်သော ခရီးသည်တင်လေယာဉ် Boeing 737 MAX သည် ၂၁၉ ခုနှစ် မတ်လမှစတင်၍ တရုတ်နိုင်ငံတွင် ပျံသန်းခွင့် တားမြစ်သဖြင့် မြေပြင်မှာ ရပ်နားထားခဲ့ရသည်။
ယခုအခါ ပထမဆုံးသော ခရီးသည်တင်လေယာဉ် ခရီးစဉ်ကို စတင်ပျံသန်းပါသည်။
Boeing 737 MAX သည် အသေအပျောက်ရှိသည့် လေယာဉ်ပျက်ကျမှုများ ဖြစ်ကြုံခဲ့ပြီးနောက် အမေရိကန် ကုမ္ပဏီ Boeing ၏ အရောင်းရဆုံး လေယာဉ် မော်ဒယ် ဖြစ်လာခဲ့ပါသည်။
အင်ဒိုနီးရှားနှင့် အီသီယိုးပီးယားတို့တွင် Boeing 737 MAX ပျက်ကျခဲ့ပြီး လူအသေအပျောက်ရှိခဲ့ပြီး လေကြောင်းလိုင်းများက Boeing 737 MAX ကို ပျံသန်းခြင်း မပြုတော့ဘဲ ၂၀၁၉ ခုနှစ် မတ်လတွင် ရပ်နားထားလိုက်ကြသည်။
Boeing က လေယာဉ်များကို မွမ်းမံပေးခဲ့ပြီး လေယာဉ်မှူးများကိုလည်း သင်တန်းပို့ချပေးခဲ့ပါသည်။
ထို့နောက်တွင် ၂၀၂၀ နှစ်ကုန်ပိုင်းကျမှ လေကြောင်းလိုင်းများက Boeing 737 MAX ကို ပြန်လည်ပျံသန်းခဲ့ကြရာ၌ ရုရှားနှင့် တရုတ်နိုင်ငံတွင် Boeing 737 MAX ကို ပျံသန်းခွင့် မပြုဘဲ ဆက်လက်တားမြစ်ထားခဲ့ပါသည်။
၂၀၂၃ ဇန်နဝါရီလ ၁၃ ရက် သောကြာနေ့တွင် China Southern Airlines ၏ Boeing 737 MAX သည် ခရီးသည်များ တင်ဆောင်ပြီး ခရီးစဉ်ကို ပြန်လည်စတင်ပျံသန်းခဲ့ပါသည်။
Flightradar24 တွင် ၎င်းလေယာဉ် ပျံသန်းသည့် လမ်းကြောင်း ဖော်ပြထားရာ၌ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ဒေသစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ် မွန်းလွဲပိုင်းတွင် ထွက်ခွာခဲ့ပါသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး လေကြောင်းဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံတွင် ပြန်လည်ပျံသန်းခွင့် ရရှိခြင်းသည် Boeing အတွက် အရေးပါသည့် မိုင်တိုင်တစ်ခု ဖြစ်ပါသည်။
ရုရှားပြည်တွင်း၌ ယခုအထိ Boeing 737 MAX ကို ပျံသန်းခွင့် မပြုသေးပါ။
ပြည်ပလေကြောင်းလိုင်းများသည် တရူတ်နိုင်ငံ လေပိုင်နက်တွင် ၂၀၂၂ အောက်တိုဘာလမှစ၍ ပျံသန်းပြေးဆွဲခွင့် ရရှိခဲ့ကြပါသည်။
China Southern Airlines သည်လည်း ၂၀၂၂ အောက်တိုဘာလတွင် Boeing 737 MAX ဖြင့် ခရီးစဉ်ပြန်လည်ပြေးဆွဲရန် ပြင်ဆင်ခဲ့ပါသည်။ ၎င်း၏ တရားဝင်ဝဘ်ဆိုက်တွင် ခရီးစဉ် ကြေညာခဲ့ပြီး ပျံသန်းခွင့် မရသဖြင့် အခြားလေယာဉ်ဖြင့် အစားထိုး ပျံသန်းခဲ့ပါသည်။
China Southern Airlines တွင် Boeing 737 MAX လေယာဉ် စုစုပေါင်း ၉၇ စီး ရှိပါသည်။ မှာကြားထားပြီး လက်ခံရယူခြင်းမပြုသေးသည့် Boeing 737 MAX လေယာဉ်များလည်း ရှိပါသည်။
Boeing က China Southern Airlines အတွက် ထုတ်လုပ်ထားသော လေယာဉ် ၁၃၈ စင်းသည် အမေရိကန်တွင် ပို့ဆောင်ရန် စောင့်ဆိုင်းနေကြရကြောင်း ၂၀၂၂ အောက်တိုဘာလတွင် ပြောကြားခဲ့သည်။
ယခုအခါ Boeing 737 MAX ဖြင့် ခရီးစဉ် စတင်ပြေးဆွဲပြီဖြစ်ရာ များမကြာမီတွင် ၎င်းလေယာဉ်များကို China Southern Airlines ရယူလိမ့်မည်ဟု မျှော်လင့်ရပါသည်။ လောလောဆယ်တွင် Boeing က အဆိုပါ လေယာဉ်များကို အခြားလေကြောင်းလိုင်းများသို့ ရောင်းချရန် ကြိုးပမ်းနေပါသည်။
COVID-19 ဖြစ်ပွားမှုကို တိုက်ဖျက်ရန် ရည်ရွယ်ထားသည့် လော့ဒေါင်းချခြင်းများ ရှိနေသည့်အတွက်ကြောင့် ၂၀၂၂ ခုနှစ်တွင် ကျဆင်းနေခဲ့သည့် တရုတ်နိုင်ငံ၏ ပြည်တွင်းလေကြောင်းစျေးကွက်သည် ဒီဇင်ဘာလတွင် အစိုးရက ကိုဗစ်သုည မူဝါဒကို အဆုံးသတ်ပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။
Boeing သည် Boeing 737 MAX များ ရောင်းမရ ဖြစ်ခဲ့သဖြင့် ပြိုင်ဘက် ပြင်သစ်ကုမ္ပဏီ Airbus ထက် စီးရေ လျော့နည်းခဲ့ပါသည်။
တရုတ်ဈေးကွက်တွင် ၂၀၂၂ ခုနှစ်အတွင်း Airbus က အစီး ၁၀၀ ကျော် ပေးပို့ခဲ့ပြီး Boeing က ၈ စီးမျှသာ ပေးပို့နိုင်ခဲ့ပါသည်။
Boeing လေယာဉ်များကို တရုတ်နိုင်ငံမှ မှာယူမှုအသစ်များ ၂၀၁၇ ခုနှစ်ကတည်းက ရပ်တန့်လုနီးပါးဖြစ်ခဲ့သည်။
ယမန်နှစ်က နိုင်ငံပိုင်လေကြောင်းလိုင်းများသည် Airbus လေယာဉ်အစီးရေ ၃၀၀ နီးပါးအတွက် အမှာစာများ မှာကြားခဲ့သည်။
Airbus နှင့် Boeing ကုမ္ပဏီ ၂ ခု စလုံးသည် ယမန်နှစ်က အသိအမှတ်ပြု လက်မှတ်ရရှိထားသော တရုတ်ပြည်တွင်းဖြစ် C919 ကိုယ်ထည်ကျဉ်းဂျက်လေယာဉ်၏ ယှဉ်ပြိုင်မှုကို တရုတ်ပြည်တွင်းဈေးကွက်ထဲတွင် ကြုံရဖွယ် ရှိသည်။
Source Asia nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U