အိမ်ခြံမြေကဏ္ဍတွင် ဂျပန်သင်္ဘောလိုင်း Mitsui O.S.K. ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
သင်္ဘောကုမ္ပဏီသည် ဝင်ငွေ မတည်ငြိမ်သော ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးအပိုင်းကို လျှော့ချရန် ရည်ရွယ်သဖြင့် အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။
ဂျပန်သင်္ဘောလိုင်း Mitsui O.S.K. Lines (MOL)သည် ယန်း ဘီလီယံ ၄၀၀ (ကန်ဒေါ်လာ ၂.၉ ဘီလီယံ) ကို ၎င်း၏ အိမ်ခြံမြေလုပ်ငန်းတွင် ၂၀၂၃ ခုနှစ်မှစ၍ ၅ နှစ်အတွင်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။
MOL က ၂၀၂၂ ဧပြီလမှစ၍ အပြည့်အဝပိုင်ဆိုင်သော လက်အောက်ခံလုပ်ငန်း Daibiru Corp က အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို ဦးဆောင်ဦးရွက်ပြုမည်ဖြစ်သည်။
ဦးစွာပထမ အမေရိကန်ဈေးကွက်သို့ ဝင်မည်။ ထို့နောက် ဗီယက်နမ်၊ ဩစတေးလျ ကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများပြုထားပြီးသား နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့မည်။ ဂျပန်နိုင်ငံတွင်လည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
သင်္ဘောလုပ်ငန်း အားကောင်းနေချိန်တွင် MOL သည် အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုများ လျင်မြန်စွာ တိုးမြှင့်လိုပြီး အလယ်အလတ်နှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုများဖြင့် တည်ငြိမ်သည့်ဝင်ငွေ ရရှိရန် ရည်မှန်းထားသည်။
ကုမ္ပဏီသည် ပိုမိုမတည်ငြိမ်သော ကွန်တိန်နာလုပ်ငန်းအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ရည်ရွယ်သည်။
၎င်း၏ သင်္ဘောလုပ်ငန်းသည် COVID-19 ကပ်ရောဂါကြောင့် လိုအပ်မှုများ မြင့်တက်လာခြင်းမှ အကျိုးအမြတ်များ ရရှိခဲ့သည်။
MOL ကုမ္ပဏီတစ်ခုလုံးအနေဖြင့် ၂၀၂၃ မတ်လကုန်တွင် ကုန်ဆုံးမည့်ဘဏ္ဍာနှစ်တွင် အသားတင်အမြတ် ယန်း ၇၉၀ ဘီလီယံ (ကန်ဒေါ်လာ ၅.၇ ဘီလီယံ) ရရှိရန် မျှော်မှန်းထားသည်။ ယခင်နှစ်ထက် ၁၁% ပိုများပါသည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်သည် အမြတ်စံချိန်တင် ၂ နှစ်ဆက်တိုက်ရသည့် ဒုတိယမြောက်နှစ် ဖြစ်ပါသည်။
အမြတ်၏ ၈၀%ကို ကွန်တိန်နာသင်္ဘောကဏ္ဍမှ ရရှိခဲ့ပါသည်။ ကွန်တိန်နာသင်္ဘောကဏ္ဍ၏ ဝင်ငွေနှင့် အမြတ်သည် မတည်ငြိမ်သည့် အစဉ်အလာ ရှိပါသည်။ ၂၀၂၀ မတ်လ မတိုင်ခင် ၁၀ နှစ်တာတွင် MOL သည် အရှုံးပြသည့်နှစ် ၄ နှစ်ရှိခဲ့ဖူးပါသည်။
Daibiru Corp က ယန်း ဘီလီယံ ၄၀၀ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်တွင် ယန်း ၁၃၀ ဘီလီယံကို ပက်လယ်ရပ်ခြား စီမံကိန်းများတွင် အသုံးပြုမည် ဖြစ်ပါသည်။ ရုံးခန်းအဆောက်အဦများ ပိုင်ဆိုင်ထားသည့် ဗီယက်နမ်နှင့် ဩစတေးလျတို့တွင် နောက်ထပ်အဆောက်အဦများ ထပ်မံဝယ်ယူမည် ဖြစ်သည်။
လုပ်ငန်းများ ပေါင်းစည်းခြင်း၊ လုပ်ငန်းများ ဝယ်ယူခြင်းများအတွက် ယန်း ဘီလီယံ ၅၀ မှ ၁၀၀ အထိ သုံးစွဲမည် ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ သုံးပုံ နှစ်ပုံကို ဂျပန်နိုင်ငံတွင် အဓိကအားဖြင့် တိုကျိုနှင့် အိုဆာကာတို့တွင် အဆောက်အဦများ ဝယ်ယူမည် ဖြစ်ပါသည်။
Source Asia Nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U