Transportation

လုပ်ငန်းသစ် AirWhiteWhale က ကုန်တင်ဒရုံးအကြီးစား ပြေးဆွဲမည်

လုပ်ငန်းသစ် AirWhiteWhale က ကုန်တင်ဒရုံးအကြီးစား ပြေးဆွဲမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

တရုတ်နိုင်ငံမှ လုပ်ငန်းအသစ် AirWhiteWhale သည်  မြို့ငယ်များသို့ e-commerce ဆက်လက်ပျံ့နှံ့သွားမည်ဖြစ်ပြီး မြို့ငယ်များရှိ ကုန်တင်လေယာဉ်ကြီးများ မသုံးနိုင်သော လေယာဉ်ကွင်းငယ်များဆီသို့ လေကြောင်းကုန်စည် ပို့ဆောင်ရေး လိုအပ်ချက် မြင့်တက်လာလိမ့်မည်ဟု  မျှော်လင့်ထားသည်။ ထိုလိုအပ်ချက်ကို AirWhiteWhale က ကုန်တင်ဒရုံးအကြီးစားဖြင့် လေကြောင်းကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးအပ်မည် ဖြစ်သည်။

 

AirWhiteWhale သည် ရင်းနှီးမြှုပ်နှံမှုကို ယွမ် သန်း ၁၀၀ မှ ၁၅၀ (ကန်ဒေါ်လာ ၁၄.၇ သန်းမှ ၂၂.၁ သန်း) အထိ တိုးမြှင့်မည် အစီအစဉ် ရေးဆွဲထားသည်။ ထပ်ထည့်မည့် အရင်းအနှီးအသစ်ကို ဒီဇိုင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးတို့အတွက် သုံးစွဲမည်။ လုပ်သားအင်အားစု တိုးချဲ့ခြင်း၊ တည်ဆောက်ပြီးစီးသည့် ကုန်တင်ဒရုံး စမ်းသပ်ပျံသန်းခြင်း၊ အစိတ်အပိုင်းများ စမ်းသပ်စစ်ဆေးခြင်း အစရှိသည့် လုပ်ငန်းစဉ်အတွက်လည်း သုံးစွဲမည် ဖြစ်သည်။

 

 AirWhiteWhale ကို လက်ရှိ စီအီးအို Hu Zhendong မှ ၂၀၂၁ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ သူသည် Beihang University မှ လေယာဉ်ဒီဇိုင်း ပါရဂူဘွဲ့ရရှိခဲ့ပါသည်။

 သူသည် Airbus နှင့် Commercial Aircraft Corporation of China CACC အပါအဝင် လေယာဉ်ပျံ ထုတ်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

 တရုတ်အစိုးရသည် တောင်ပံအသေ၊ ကြီးမားသော ကုန်တင်ဒရုံးများအတွက် လုပ်ငန်းလည်ပတ်မှုစံနှုန်းများကို တရားဝင်ကြေညာပြီး သတ်မှတ်ပြဋ္ဌာန်းပေးထားသည်။ 

 လော့ဂျစ္စတစ် လုပ်ငန်းကဏ္ဍတွင် ပထမနေရာမှာ သမားရိုးကျ ကုန်တင်လေယာဉ်ကြီးများ လုပ်ကိုင်နေပြီး ဒုတိယနေရာ branch-line transportation အဖြစ် ကုန်တင်ဒရုံးအကြီးစားများ လိုအပ်နေသည့် အခွင့်အလမ်းကို  Hu Zhendong က အရယူပြီး လုပ်ငန်းတိုးချဲ့မည် ဖြစ်သည်။

 

တရုတ်ကုမ္ပဏီများသည် အလေးချိန် ၁၀၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်သော  ဒရုန်းအငယ်စားများ၊ အလတ်စားများနှင့် ခရီးတို multicopters များဖြင့် ပို့ဆောင်မှုများကို ဝန်ဆောင်မှုများ  ပေးအပ်လျက်ရှိသည်။

multicopter (multirotor) သည် ပန်ကာ ၂ လုံးထက် ပိုသော ဒရုံးများကို ဆိုလိုပါသည်။ အားသာ်ချက်မှာ ပျံသန်းနေစဉ် ဒရုံးကို ထိန်းကျောင်းဖို့ ပိုမိုလွယ်ကူ ရိုးရှင်းခြင်း ဖြစ်ပါသည်။

အချို့တရုတ်ကုမ္ပဏီသည် branch-line transportation အတွက် တန်ချိန်အနည်းငယ်အထိ တင်ဆောင်နိုင်သော ဒရုံးအကြီးစားများဖြင့် လေကြောင်းကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးအပ်ပါသည်။

အကြီးစားကုန်တင်ဒရုံးဖြင့် ဝန်ဆောင်မှု ပေးသည့် တရုတ်ကုမ္ပဏီ AirWhiteWhale, SF Express, JD Logistics အပါအဝင် အရေအတွက် အနည်းအကျဉ်းသာ ရှိပါသည်။ 

 

e-commerce သည် မြို့ငယ်လေးများသို့ ဆက်လက်ပျံ့နှံ့သွားမည်ဖြစ်ပြီး လေကြောင်းကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု ဝယ်လိုအားကို မြှင့်တင်ပေးမည်ဟု Hu က မျှော်လင့်ထားသည်။

 

AirWhiteWhale ၏ ပထမဆုံး မော်ဒယ် W5000 သည် လေယာဉ်+ကုန် စုစုပေါင်း အလေးချိန် ၁၀.၈ တန်ဖြင့် ပျံတက်နိုင်ပါသည်။ ကုန်အလေးချိန် အများဆုဲး ၅ တန်အထိ တင်ဆောင်နိုင်ပါသည်။ ပုံမှန်အားဖြင့် ခရီးတာ ၁,၂၀၀ ကီလိုမီတာ ခရီးနှင်နိုင်ပါသည်။ အစွမ်းကုန် ဆိုပါက ခရီးတာ ၂,၆၀၀ ကီလိုမီတာအထိ ပျံသန်းနိုင်ပါသည်။ ကုန်တင်ခန်းတွင်ရေကြောင်းသုံး ကွန်တိန်နာများ ဝင်ဆန့်ပါသည်။

သမားရိုးကျ ကုန်တင်လေယာဉ်များထက် ကုန်တင်ဒရုံးအကြီးစားများက စရိတ်စက ပိုသက်သာပါသည်။ လေယာဉ်မှူးများ လိုက်ပါရန် မလိုခြင်း၊  ကိုယ်ထည်ပေါ့ပါးခြင်း၊ လုပ်သားခနှင့် လောင်စာဆီဖိုး သက်သာခြင်း၊ လူမပါသဖြင့် အိမ်သာအတွက် နေရာမကုန်ခြင်း အစရှိသည့် အားသာချက်များ ရှိပါသည်။ လူမပါသဖြင့် လေယာဉ်အတွင်း ဖိအားထိန်းပေးရန် မလို၊ အောက်ဆီဂျင် ပေးထားရန်လည်း မလို၊ ထိုကိစ္စရပ်များအတွက် ထည့်သွင်းတည်ဆောက်ဖို့ မလိုသောကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာပါသည်။ လုပ်ငန်းလည်ပတ်စရိတ်လည်း သက်သာပါသည်။

 

AirWhiteWhale သည် လေယာဉ်ဒီဇိုင်းတွင် အားသာချက် ရှိသည်ဟု Hu က ယူဆသည်။  AirWhiteWhale ၏ ကြီးမားသော ကုန်တင်ဒရုန်းများသည် လက်ရှိလေယာဉ်များကို ပြန်လည်မွမ်းမံပြင်ဆင်ခြင်းအစား သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဒီဇိုင်းထွင်ရေးဆွဲထားသောကြောင့် ၎င်းတို့သည် branch-line လိုင်း သယ်ယူပို့ဆောင်ရေး ခရီးစဉ် လမ်းကြောင်းများအတွက် ပိုမိုသင့်လျော်ပါသည်။

 

"တရုတ်မှာ 5G၊ ဂြိုလ်တုတည်နေရာပြစနစ်၊ ဉာဏ်ရည်တုနဲ့ ကိုယ်တိုင်မောင်းနှင်ခြင်းစတဲ့ နယ်ပယ်တွေမှာ အဆင့်မြင့်ဆုံးနည်းပညာတွေ ရှိပါတယ်။ အဲဒါ‌တွေက ကျွန်တော်တို့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့ အကူအညီ‌တွေ ရရှိပါတယ်" ဟု Hu က ပြောကြားသည်။

 

ပြီးခဲ့သည့်နှစ် ၂၀၂၂ အောက်တိုဘာလတွင် AirWhiteWhale သည် ၎င်း၏ W5000 အကြီးစား ဒရုန်းအား ⅓  စကေး အတိုင်းအတာဖြင့် တည်ဆောက်ထားသော စမ်းသပ်လေယာဉ်ဖြင့် ပထမဆုံး စမ်းသပ်ပျံသန်းမှုကို ပြုလုပ်ခဲ့ပါသည်။

Source nikkei asia 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)