Transportation

Japan Airlines ခရီးစဉ် သတ်မှတ်ချိန်ထက် ၁၀ မိနစ်နောက်ကျသဖြင့် လေယာဉ်ဆင်းခွင့်မရ

Japan Airlines ခရီးစဉ် သတ်မှတ်ချိန်ထက် ၁၀ မိနစ်နောက်ကျသဖြင့်  လေယာဉ်ဆင်းခွင့်မရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Japan Airlines မှ ခရီးစဉ်အမှတ် JL 331 သည် Fukuoka International Airport မှ ဆင်းသက်ခွင့်ပေးရန် ငြင်းဆန်ခံရသည့် တစ်ခုတည်းသော ခရီးစဉ် ဖြစ်ခဲ့ပါသည်။

ခရီးစဉ်အမှတ် JL 331 သည် ၂ နာရီကြာမြင့်သည့် ဂျပန်ပြည်တွင်းခရီးစဉ် ဖြစ်ပြီး ၎င်းခရီးစဉ်ကို ပျံသန်းသည့်  Japan Airlines (JAL)လေယာဉ်ပေါ်တွင် ခရီးသည် ၃၃၅ ဦး လိုက်ပါခဲ့ပါသည်။

 

တိုကျိုမြို့ Haneda International Airport မှ စတင်ခဲ့သော ခရီးစဉ်သည် ၂ နာရီအစား ၁၆ နာရီ ကြာမြင့်ခဲ့ပါသည်။ လေယာဉ်သည် Fukuoka International Airport တွင် ခွင့်ပြုထားသည့် အချိန်ထက် ၁၀ မိနစ် နောက်ကျသဖြင့် ဆင်းခွင့် ငြင်းပယ်ခံရပြီး တိုကျိုမြို့သို့ နောက်ကြောင်း ပြန်လှည့်ခဲ့ရပါသည်။

တိုကျိုနှင့် ဖူကူအိုကာတို့သည် အဖြောင့်တိုင်းတာလျှင် ၈၈၅ ကီလိုမီတာ ဝေးကွာပါသည်။

ဖေဖော်ဝါရီလ ၁၉ ရက်တွင် ခရီးစဉ် JL 331 သည် တိုကျိုမြို့မှ ဒေသစံတော်ချိန် ညနေ ၆  နာရီခွဲတွင် ထွက်ခွာရန်ဖြစ်ပြီး ဖူကူအိုကာသို့ ည ၈ နာရီခွဲတွင် ဆိုက်ရောက်မည် ဖြစ်သည်။ 

လေယာဉ်သည် ညနေ ၆ နာရီခွဲတွင် ထွက်ခွာခြင်း မပြုဘဲ ည ၈ နာရီ ၁၈ မိနစ်ကျမှ ထွက်ခွာခဲ့ပါသည်။ 

ဘီဘီစီနှင့် Bloomberg တို့က  လေယာဉ်ပြောင်းခြင်းကြောင့် မိနစ် ၉၀ ကြာ နှောင့်နှေးခဲ့ရသည်ဟု သတင်းဖော်ပြသည်။

ပြည်တွင်းသတင်းစာ Asahi Shimbun က JAL သည် အဘယ်ကြောင့် ပျံသန်းမှု နှောင့်နှေးခဲ့ရသည်ကို စုံစမ်းစစ်ဆေးနေကြောင်း သတင်း ဖော်ပြသည်။

 

အဆိုပါ လေယာဉ်သည် ဖူကူအိုကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ရန် မိနစ်အနည်းငယ်အလုိတွင် လေဆိပ်ပိတ်ချိန် ည ၁၀ နာရီကို အချိန်မီ မရောက်သဖြင့် ဆင်းသက်ခွင့် မရဘဲ နောက်ကြောင်း ပြန်လှည့်ခဲ့ရသည်။

မြို့နေလူထု ညဘက် တိတ်တိတ်ချိန်မှာ ဆူညံသံကို မခံစားရအောင် ဖူကူအိုကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ည ၁၀ နာရီနောက်ပိုင်း လေယာဉ်အတက်အဆင်း မပြုရပါ။ 

Rhino

     Advertisement

Click Here > Rhino

ထိုရက်တွင် လေတိုက်နှုန်း မြင့်မားသဖြင့် လေဆန်ပျံသန်းရသည့် လေယာဉ်ခရီးစဉ်များ ဖူကူအိုကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရောက်နောက်ကျခဲ့ကြပါသည်။ ပိတ်ချိန် ၁၀ နာရီပျော်ပြီးမှ ရောက်လာသော အခြားလေယာဉ်များ ဆင်းသက်ခွင့် ရရှိခဲ့ကြပြီး ခရီးစဉ် JL 331 လေယာဉ် တစ်စီးတည်းသာ ဆင်းသက်ခွင့် ငြင်းပယ်ခံရသည်ဟု BBC နှင့် Bloomberg သတင်းတွင် ဖော်ပြထားပါသည်။

 

ရာသီဥတုဆိုးရွားခြင်း သို့မဟုတ် လေဆိပ်ပြေးလမ်းများတွင် လေယာဉ်အတက်အဆင်းများ ရှိနေသဖြင့် စောင့်ဆိုင်းရခြင်းကြောင့် နှောင့်နှေးကြန့်ကြာမှုကို ရှောင်လွှဲ၍မရသည့်အခါ ည ၁၀ နာရီနောက်ပိုင်းတွင် လေယာဉ် ဆင်းသက်ခွင့် ရနိုင်ပါသည်။

သို့သော်လည်း တာဝန်ရှိသူများက JL331 ၏ ပျံသန်းမှုနှောင့်နှေးခြင်းကို "ရှောင်လွှဲ၍မရ"ဟု မသတ်မှတ်ကြောင်း Ashai Shimbun က သတင်းဖော်ပြပါသည်။

 

၎င်းလေယာဉ်သည်  ဖူကူအိုကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ထံမှ ဆင်းသက်ခွင့် မရသောအခါ ဆင်းသက်ရန် လေဆိပ်တစ်ခုကို ရှာမတွေ့မချင်း လေထဲတွင် ဝဲပျံနေခဲ့ရသည်။

အဆိုပါ လေယာဉ်သည် ဖူကူအိုကာနှင့် နီးကပ်သော မြို့ဖြစ်သည့် Kitakyushu ရှိ လေဆိပ်သို့ ဆင်းသက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ခရီးသည်များကို လေဆိပ်မှ ဟိုတယ်သို့ ပို့ဆောင်ပေးမည့် ဘတ်စ်ကား မရနိုင်တော့သဖြင့် ဆင်းသက်ခွင့် မရရှိချေ။ 

သို့ဖြစ်ရာ စတင်ထွက်ခွာခဲ့သည့် တိုကျိုမြို့ရှိ  Haneda International Airport သို့ ပျံသန်းခဲ့ရသည်။  လေယာဉ်ဆီ လက်ကျန် နည်းနေသဖြင့် ည ၁၁ နာရီတွင် Kansai Airport သို့ ဆီဖြည့်ရန် ဆင်းသက်ခဲ့သည်။ Kansai Airport မှ ဖေဖော်ဝါရီလ ၂၀ ရက် မနက် ၁ နာရီ ၄၅ မိနစ်တွင် ထွက်ခွာခဲ့သည်။ 

 

လေယာဉ်သည် နံနက် ၂ နာရီ ၅၀ မိနစ်တွင် Haneda International Airport သို့ ဆင်းသက်ခဲ့သည်။ ခရီးသည်များကို လေယာဉ်ပေါ်မှ ချက်ချင်းဆင်းခွင့် မပေးဘဲ စောင့်ဆိုင်းစေခဲ့သည်။ ခရီးသည်များ ထားရှိရန် ဟိုတယ်များ စီစဉ်နေသည်ကို စောင့်ဆိုင်းကြရခြင်း ဖြစ်သည်။  လေကြောင်းလိုင်းမှ စီစဉ်ပေးသည့် တိုကျိုမြို့မှ ဟိုတယ်များတွင် ခရီးသည်များ တစ်ညအိပ်ကြရသည်။ 

ဖေဖော်ဝါရီလ ၂၀ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်တွင် တိုကျိုမှ ပြန်လည်ထွက်ခွာခဲ့ပြီး  ဖူကူအိုကာသို့ ရောက်ရှိသွားကြသည်။ 

 

South China Morning Post တွင် လေကြောင်းလိုင်းသည် ခရီးသည်များ၏ ဟိုတယ်တည်းခိုခနှင့် တက္ကစီခများကို ပေးဆောင်ခဲ့သည်ဟု သတင်းဖော်ပြသည်။ 

 

photo_2023-03-04_23-46-21.jpg

တွစ်တာတွင် ခရီးသည်တစ်ဦးမှ ၎င်းအား boarding pass အစားထိုးပေးခဲ့ပြီး ဟိုတယ်တည်းခိုစဉ်အတွင်း ယန်း ၂ သောင်း ငွေသားနှင့် သောက်ရေသန့် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ "လေယာဉ်ပျက်ကျတာမဟုတ်လို့ တော်ပါသေးရဲ့" ဟု ခရီးသည်က ဂျပန်ဘာသာဖြင့် ရေးသားထားသည်။

 

 "ခရီးသည်များအား ဖူကူအိုကာ သို့ သတ်မှတ်ချိန်အတိုင်း မပို့ပေးနိုင်ဘဲ ပျံသန်းချိန်ကြာမြင့်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော အဆင်မပြေမှုနှင့် ဝန်ထုပ်ဝန်ပိုးများအတွက် တောင်းပန်အပ်ပါသည်။"ဟု လေကြောင်းလိုင်းက ကြေညာချက် ထုတ်ပြန်သည်။ 

Source asiaone

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(1 Vote)