Transportation

ကားတင်သင်္ဘောလိုင်း Höegh Autoliners မှ ရှယ်ယာများ ကန်ဒေါ်လာ သန်း ၈၀ နီးပါးဖြင့် Maersk ရောင်းချ

ကားတင်သင်္ဘောလိုင်း  Höegh Autoliners မှ ရှယ်ယာများ ကန်ဒေါ်လာ သန်း ၈၀ နီးပါးဖြင့် Maersk ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

A.P. Moller – Maersk သည် နော်ဝေး ကားတင်သင်္ဘောလိုင်း  Höegh Autoliners မှ ရှယ်ယာများကို ‌ကန်ဒေါ်လာ သန်း ၈၀ နီးပါးဖြင့် ရောင်းချခြင်းဖြင့် ရှယ်ယာပိုင်ဆိုင်မှုကို လျှော့ချခဲ့သည်။

 

ဒိန်းမတ် သင်္ဘောလိုင်းနှင့် လော့ဂျစ္စတစ်လုပ်ငန်းကြီး  Maersk သည် အစုရှယ်ယာ ၁၃.၅ သန်းခန့်ကို ရောင်းချခဲ့သည်။ Höegh Autoliners ရှယ်ယာ စုစုပေါင်း၏ ၇% ဖြစ်ပါသည်။

ယခုအခါ Maersk လက်ထဲတွင် Höegh Autoliners ရှယ်ယာ ၃၆.၉ သန်း ကျန်ရှိသည်။Höegh Autoliners ရှယ်ယာ စုစုပေါင်း၏ ၁၉.၃% ဖြစ်ပါသည်။ Höegh Autoliners တွင် ရှယ်ယာများ ဒုတိယအများဆုံး ပိုင်ဆိုင်ထားပြီး မဲပေးရန် အခွင့်အာဏာ ဆက်လက်ရရှိထားသည်။

 

Höegh Autoliners သည် ၂၀၂၁  ခုနှစ်မှာ Oslo စတော့အိပ်ချိန်းတွင် စာရင်းသွင်းခဲ့သည်။

 

Höegh Autoliners တွင် ရှယ်ယာအများဆုံး ပိုက်ဆိုင်သူမှာ နော်ဝေးမှ Leif Höegh & Co ဖြစ်ပြီး ၅၀% ကျော်ကို ပိုင်ဆိုင်ထားသည်။

 

Höegh Autoliners သည် နှစ်ရှည်အငှားစာချုပ်များဖြင့် ငှားရမ်းထားသော ကားတင်သင်္ဘောများ၊ ကုမ္ပဏီပိုင် သင်္ဘောများဖြင့် ပြေးဆွဲနေသည်။ သင်္ဘောများ တင်ဆောင်နိုင်သည့် ကားစီးရေမှာ ၂,၃၀၀ မှ ၈,၅၀၀ အထိ ဖြစ်သည်။

၂၀၂၂ ခုနှစ်၏နောက်ဆုံးသုံးလပတ်တွင်အမြတ်ငွေ ကန်ဒေါ်လာ ၁၁၈ သန်း ရရှိခဲ့သည်။ ကုမ္ပဏီ သမိုင်းတွင် အမြန်အများဆုဲး ရရှိပြီး စံချိန်သစ်တင်သည့် ၃ လပတ် ဖြစ်ပါသည်။

 Source splash247

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)