Höegh Autoliners စင်းလုံးငှား RoRo ပဉ္စမမြောက် ၀ယ်ယူ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံမှ ပြည်ပသို့ ကားတင်ပို့မှု ဆတိုးများလာသဖြင့် ကမ္ဘာ့ကားတင်သင်္ဘော ဈေးကွက်မှာ သင်္ဘော မလုံလောက်သဖြင့် ပို့ဆောင်ခနှုန်းထားများ မြင့်တက်ပြီး ခေတ်ကောင်း ရောက်နေချိန်တွင် နော်ဝေးနိုင်ငံမှ roll-on/roll-off (RoRo) ကားတင်သင်္ဘောလိုင်း Höegh Autoliners က အရောင်းအဝယ် သဘောတူစာချုပ်ပါ ပြန်လည်ဝယ်ယူလိုပါက ဝယ်ယူခွင့် ရှိခြင်း အချက်ကို ကျင့်သုံးပြီး စင်းလုံးငှား ကားတင်သင်္ဘောတစ်စီးကို ပြန်လည်ဝယ်ယူလိုက်ပါသည်။
တစ်နှစ်အတွင်း စင်းလုံးငှား ကားတင်သင်္ဘော ပဉ္စမမြောက် ဝယ်ယူခြင်း ဖြစ်ပါသည်။
ကားစီးရေ ၇,၈၅၀ အထိ တင်ဆောင်နိုင်သော Höegh Berlin အမည်ရှိ RoRo ကားတင်သင်္ဘောကို ကန်ဒေါ်လာ ၃၄.၂၅ သန်းဖြင့် ပြန်လည်ဝယ်ယူလိုက်ခြင်း ဖြစ်ပါသည်။
လက်ရှိဈေးကွက် ပေါက်ဈေးမှာ ကန်ဒေါ်လာ ၅၉ သန်း ဖြစ်ပါသည်။
လက်ရှိ သင်္ဘောချည်းသက်သက် စင်းလုံးအငှား bareboat charter ကို ၂၀၂၃ မတ်လ ၁ ရက်မှာ အဆုံးသတ်လိုက်ပါသည်။
Höegh Berlin ကို တောင်ကိုရီးယားနိုင်ငံမှ သင်္ဘောကျင်း Daewoo Shipbuilding & Marine Engineering (DSME)တွင် ၂၀၀၅ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါသည်။
ထိုစဉ်က Höegh Autoliners သည် ၂၀၀၄ မှ ၂၀၁၀ အထိ ကာလအတွင်း ကားတင်သင်္ဘောအသစ်များ တည်ဆောက်ရန် အမှာစာများ ချခဲ့ပါသည်။ Höegh Berlin သည် ၎င်းသင်္ဘောများထဲမှ တစ်စီး ဖြစ်ပါသည်။
၂၀၀၉ ခုနှစ်တွင် Höegh Berlin ကို သင်္ဘောချည်းသက်သက် ငှားရမ်းရန် သဘောတူညီချက်ဖြင့် ရောင်းချခဲ့ပြီး ပြန်လည်ငှားရမ်းကာ ပြေးဆွဲပါသည်။ ၎င်းစာချုပ်တွင် နောင်တစ်ချိန်မှာ Höegh Autoliners က ပြန်လည်ဝယ်ယူလိုပါက ဝယ်ယူခွင့် ရှိကြောင်း သဘောတူညီချက် ပါဝင်ပါသည်။
Höegh Autoliners သည် လွန်ခဲ့သည့် တစ်နှစ်တာအတွင်းမှာ Höegh Beijing, Höegh Tracer, Höegh Trapper, Höegh St. Petersburg
ကားတင်သင်္ဘော ၄ စီးကို အလားတူ ပြန်လည်ဝယ်ယူခဲ့ပါသည်။ Höegh Berlin သည် ပဉ္စမမြောက် ပြန်လည်ဝယ်ယူခြင်း ဖြစ်ပါသည်။
Source gcaptain
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U