NYK သင်္ဘောလိုင်းက Nippon Cargo Airlines ကို လက်လွှတ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
NYK သည် B747 ကုန်တင်လေယာဉ်များ ပြေးဆွဲနေသည့် Nippon Cargo Airlines (NCA) မှ ၎င်း၏ အစုရှယ်ယာများအားလုံးကို All Nippon Airways Holdings (ANA) သို့ လွှဲပြောင်းရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ကုန်တင်လေကြောင်းလိုင်းကို ဆက်လက်လည်ပတ်ရန် ကုန်ကျစရိတ်ကြောင့် ယခုလို စီစဉ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု NYK က ပြောကြားသည်။
"လုပ်ငန်းလည်ပတ်မှု တိုးချဲ့ရန် လေယာဉ်အသစ်များ စဉ်ဆက်မပြတ် ဖြည့်ထည့်ပေးရခြင်း၊ ပြုပြင်ထိန်းသိမ်းမှုစနစ် တိုးချဲ့ရန်အတွက် ပြုပြင်ထိန်းသိမ်းခြင်းတွင် ပါဝင်ပတ်သက်နေသော ဝန်ထမ်းများကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးခြင်းတို့သည်ကြီးမားသော အသုံးစရိတ်များ လိုအပ်ပါသည်။"ဟု NYK က ကြေညာချက်တွင် ဖော်ပြထားသည်။
"လေကြောင်းပို့ဆောင်ရေး၏ ဝန်ဆောင်မှုများအတွက် ဝယ်လိုအား မငြိမ်မသက်ဖြစ်နေသော စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်တွင် NCA သည် ယင်းကုန်ကျစရိတ်များနှင့် ကိုက်ညီသည့်အဆင့်သို့ ရောက်ရှိအောင် လုပ်ငန်းအရွယ်အစားကို ချဲ့ထွင်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။"ဟု NYK က ဆိုသည်။
ANA အနေဖြင့် Nippon Cargo Airlines ကို ရယူသည့်အတွက် အင်အား သိသိသာသာ ပိုတောင့်တင်းသွားသည့် အကျိုးကျေးဇူးကို ရရှိသည်။
သဘောတူညီချက်၏ အချက်များကို ဆွေးနွေးဆဲဖြစ်သော်လည်း နှစ်ဦးနှစ်ဘက်စလုံးက အရောင်းအဝယ်ကို အောက်တိုဘာ ၁ ရက်တွင် အပြီးသတ်ရန် ရည်မှန်းထားကြသည်။
Nippon Cargo Airlines သည် လက်ရှိတွင် Boeing B747-8 ကုန်တင်လေယာဉ် ရှစ်စီးဖြင့် ပျံသန်းလျက်ရှိသည်။ ထို့ပြင် ASL နှင့် Atlas Air တို့ ပျံသန်းပြေးဆွဲနေသော Boeing B747-400 ကုန်တင်လေယာဉ် ၅ ၊ေ၊စင်းကိုလည်း ပိုင်ဆိုင်သည်။
NCA ကို ထူထောင်သည့် ၁၉၇၈ ခုနှစ်ကတည်းက NYK ပါဝင်ပတ်သက်ခဲ့ပြီး “ပင်လယ်၊ ကုန်းလမ်းနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးကို ပံ့ပိုးပေးသည့် ပြည့်စုံသော ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ” ဖြစ်လာရန် ရည်မှန်းချက်ဖြင့် ၂၀၁၀ တွင် ရှယ်ယာအားလုံးကို ဝယ်ယူခဲ့သည်။
ဘဏ္ဍာရေးနှစ် ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၈၊ ၂၀၁၉ တို့တွင် အရှုံးပေါ်ခဲ့ဖူးသည်။
ပြီးခဲ့သည့် ၉ လတာတွင် လေကြောင်းကုန်စည် ပို့ဆောင်ရေးသည် အမြတ် ယန်း ၅၆.၄ ဘီလီယံ ရရှိကြောင်း မိခင်လုပ်ငန်း NYK က ကြေညာခဲ့ပါသည်။
Source aircargonews
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U