ဆော်ဒီအိမ်ရှေ့စံမင်းသား အမျိုးသားလေကြောင်းလိုင်းသစ် ကြေညာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဆော်ဒီအာရေဗျနိုင်ငံမှ အိမ်ရှေ့စံမင်းသားက အမျိုးသားလေကြောင်းလိုင်းသစ်ကို ကြေညာလိုက်ပါတယ်။
ဆော်ဒီအာရေဗျမှာ အမျိုးသားလေကြောင်းလိုင်းသစ်တစ်ခု ထူထောင်မယ်လို့ ဘုရင့်နိုင်ငံတော်ရဲ့ အိမ်ရှေ့စံမင်းသား Mohammed bin Salman bin Abdulaziz က ကြေညာပါတယ်။ သူက ဆော်ဒီအာရေဗျနိုင်ငံရဲ့ ဝန်ကြီးချုပ် တာဝန်ယူထားတဲ့အပြင် ဆော်ဒီအာရေဗျနိုင်ငံရဲ့ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ Public Investment Fund (PIF) ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
လေကြောင်းလိုင်းအသစ်ရဲ့ အမည်က ဆော်ဒီအာရေဗျနိုင်ငံရဲ့ မြို့တော် ရီယက်ဒ်ကို အစွဲပြုပြီး Riyadh Air လို့ အမည်ပေးထားပါတယ်။ PIF က အပြည့်အဝ ပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းအဖြစ် ထူထောင်တယ်လို ဆော်ဒီအာရေဗှမှ သတင်းမီဒီယာ Saudi Press Agency (SPA) က သတင်းဖော်ပြပါတယ်။
လေကြောင်းလိုင်းသစ်ကို PIF ရဲ့ အုပ်ချုပ်ရေးမှူး Yasir Al-Rumayyan က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပါမယ်။
အကြီးတန်း စီမံခန့်ခွဲမှုမှာ ဆော်ဒီနိုင်ငံသားများအပြင် နိုင်ငံခြားသား ကျွမ်းကျင်သူတွေကိုလည်း ထားရှိမှာ ဖြစ်တယ်လို့ SPA ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
စီအီးအိုကို နိုင်ငံခြားသား ခန့်အပ်ပါတယ်။ လေကြောင်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး လော့ဂျစ္စတစ်လုပ်ငန်းကဏ္ဍများမှာ နှစ်ပေါင်း ၄၀ ကျော် အတွေ့အကြုံရှိတဲ့ Tony Douglas ကို CEO အဖြစ် ခန့်အပ်လိုက်ပါတယ်။ သူက ယူအေအီး အခြေစိုက် Etihad လေကြောင်းလိုင်းမှာ ၂၀၁၈ ဇန်နဝါရီလမှ ၂၀၂၂ အောက်တိုဘာလအထိ ဦးဆောင်ဦးရွက် ပြုခဲ့သူ ဖြစ်ပါတယ်။
Riyadh Air က မြို့တော် ရီယက်ဒ်မှာ အခြေစိုက်ပါမယ်။ ၂၀၃၀ မှာ လေဆိပ်ပေါင်း ၁၀၀ ကျော်သို့ ပျံသန်းပြေးဆွဲဖို့ ရည်မှန်းထားပါတယ်။ ကမ္ဘာ့အဆင့် လေကြောင်းလိုင်းတစ်ခု အဖြစ် လုပ်ကိုင်သွားမှာ ဖြစ်ပြီး တိုင်းပြည်ရဲ့ ဂျီဒီပီမှာ ရေနံမဟုတ်သော ဂျီဒီပီ ကြီးထွားမှု ကန်ဒေါ်လာ ၂၀ ဘီလီယံ ရရှိဖို့ ရည်မှန်းထားပါတယ်။ တိုက်ရိုက်နှင့် သွယ်ဝိုက် အလုပ်အကိုင် ၂ သိန်းကျော် ဖန်တီးပေးနိုင်မည်လို့ ခန့်မှန်းထားပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှ ယဉ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝ ဆွဲဆောင်မှုများထံ လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာတစ်လွှားမှ ခရီးသည်များကို Riyadh Air က ဝန်ဆောင်မှု ပေးအပ်မှာ ဖြစ်ပါတယ်။
Source khalejtimes
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U