ရုရှား ဒိုမိုဒီဒိုဗိုလေဆိပ်နှင့် MAI ရည်ရွယ်ကြောင်း စာချွန်လွှာ လက်မှတ်ရေးထိုး
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ရုရှားမြန်မာ လေကြောင်းခရီးစဉ်များ ပူးပေါင်းဆောင်ရွက်ရန် အလားအလာအတွက် ရည်ရွယ်ကြောင်း စာချွန်လွှာ Letter of Intent ကို မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း Myanmar Airways International MAI နှင့် ရုရှားမှ Domodedovo Airport တို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
,
အဆိုပါ သဘောတူညီချက်သည် ရုရှားဖက်ဒရေးရှင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့ကြား ကမ္ဘာလှည့်ခရီးသည် သွားလာမှုများ တိုးတက်အောင်မြင်စေရန်အတွက် ရည်ရွယ်ပါသည်။
.
Moscow Domodedovo Airport နှင့် Myanmar Airways International တို့သည် ပူးပေါင်းဆောင်ရွက်ကြရန်အတွက် Letter of Intent (LOI) ကို LLC “Domodedovo Commercial Services” မန်နေဂျင်း ဒါရိုက်တာ Mrs. Irina Ryabinina နှင့် Myanmar Airways International မှ COO ဦးကျော်စိုးလှတို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
,
Myanmar Airways International သည် နှစ်နိုင်ငံအကြား ပျံသန်းမှုအတွက် မော်စကို-ရန်ကုန် ခရီးစဉ်များ ပြေးဆွဲရန် ရည်ရွယ်ပါသည်။ ထို့အတွက် Moscow Domodedovo Airport နှင့် မိတ်ဘက်ပြုခြင်း ဖြစ်ပါသည်။
Source .traveldailynews
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U