ထိုင်ဝမ်လေကြောင်းလိုင်းများ ဖေဖော်ဝါရီတွင် ၀င်ငွေ အားကောင်းခဲ့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မနှစ်က ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေမှာ ကပ်ရောဂါကြောင့် ကိုဗစ် ကန့်သတ်ချက်တွေကြားထဲမှာ စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ ယခုနှစ်မှာတော့ ပွင့်လန်းလာပြီ ဖြစ်လို့ ထိုင်ဝမ်မှ နိုင်ငံဂုဏ်ဆောင် လေကြောင်း China Airlines ၊ လေကြောင်းလိုင်းအသစ် Starlux Airlines ၊ Evergreen ရဲ့ EVA Air တို့ ၂၀၂၃ ဇန်နဝါရီလမှာ ဝင်ငွေ အခြေအနေ ကောင်းခဲ့ကြပြီး ဖေဖော်ဝါရီလမှာလည်း ဝင်ငွေ ဆက်လက်အားကောင်းခဲ့ပါတယ်။
ကိုဗစ် ကန့်သတ်ချက်များ မရှိတော့ဘဲ ထိုင်ဝမ်နှင့်အာရှရှိ အခြားနေရာများကြား လမ်းကြောင်းများပေါ်တွင် ခရီးသည်များ သွားလာမှု များပြားနေတဲ့အတွက် ထိုင်ဝမ်လေကြောင်းလိုင်းများ အခြေအနေ သိသိသာသာ ကောင်းမွန်ခဲ့ကြပါတယ်။
ဥရောပနှင့် မြောက်အမေရိက ခရီးစဉ်များကလည်း ဖေဖော်ဝါရီ ရောင်းအားကို မြှင့်တင်ပေးခဲ့ပါတယ်။
China Airlines Airbus A350-900
China Airlines
နိုင်ငံအလံသယ်ဆောင်တဲ့ China Airlines က ဖေဖော်ဝါရီလမှာ ထိုင်ဝမ်ဒေါ်လာသစ် ၁၂.၆၇ ဘီလီယံ (ကန်ဒေါ်လာ ၄၁၁ သန်း) ဝင်ငွေ ရရှိခဲ့ပါတယ်။
China Airlines အတွက် ခရီးသည် အရဆုံး ခရီးစဉ်များမှာ ထိုင်ဝမ်-ဂျပန် ခရီးစဉ်၊ ထိုင်ဝမ်- တောင်ကိုရီးယား ခရီးစဉ် တို့ ဖြစ်ပါတယ်။
လေကြောင်းကုန်စည်မှ ဝင်ငွေ ထိုင်ဝမ်ဒေါ်လာသစ် ၄.၈၄ ဘီလီယံ(ကန်ဒေါ်လာ ၁၅၇ သန်း) ရရှိခဲ့ပါတယ်။
China Airlines
IATA/ICAO Code:CI/CAL
Airline Type:Full Service Carrier
Hub(s):Taoyuan International Airport
Year Founded:1959
Alliance:SkyTeam
Airline Group:China Airlines Group
CEO:Hsieh Shih-Chen
Country:Republic of China
EVA Air Boeing 777-35E(ER) B-16707
EVA Air
ထိုင်ဝမ်ရဲ့ ဒုတိယအကြီးဆုံး လေကြောင်းလိုင်း EVA Air က ဖေဖော်ဝါရီလမှာ ထိုင်ဝမ်ဒေါ်လာသစ် ၁၂.၈၈ ဘီလီယံ(ကန်ဒေါ်လာ ၄၂၀ သန်း) ရရှိခဲ့ပါတယ်။
EVA Air အဖို့ ဥရောပနှင့် မြောက်အမေရိက ခရီးစဉ်များထံမှ ဝင်ငွေ အားကောင်းခဲ့ပါတယ်။
လေကြောင်းကုန်စည်မှ ဝင်ငွေ ထိုင်ဝမ်ဒေါ်လာသစ် ၃.၂၆ ဘီလီယံ(ကန်ဒေါ်လာ ၁၀၆.၅ သန်း) ရရှိခဲ့ပါတယ်။
EVA Air
IATA/ICAO Code:BR/EVA
Airline Type:Full Service Carrier
Hub(s):Taoyuan International Airport
Year Founded:1989
Alliance:Star Alliance
CEO:Chen Hsien-Hung
Country:Republic of China
Starlux Airlines Airbus A350-900
Starlux Airlines
လေကြောင်းလိုင်းအသစ်ဖြစ်တဲ့ Starlux Airlines က ကွန်ရက်တည်ဆောက်ခြင်းနှင့် လေယာဉ်စီးရေ တိုးချဲ့ခြင်းတို့ကို အာရုံစိုက်ထားပါတယ်။
လေယာဉ်အားလုံး Airbus လေယာဉ်များ ဖြစ်ပြီး
Airbus A321neo ၁၃ စီး
Airbus A330neo ၄ စီး
Airbus A350-900 ၂ စီး
တို့ဖြင့် ပြေးဆွဲလျက် ရှိပါတယ်။
A350-900 နောက်ထပ်တစ်စီး လာမယ့် လအနည်းငယ်အတွင်း ရရှိမှာ ဖြစ်ပါတယ်။
နောက်ထပ်တစ်စီးကို ယခုနှစ် ဒုတိယနှစ်ဝက်မှာ ရရှိပါမယ်။
Starlux Airlines က ဖေဖော်ဝါရီလမှာ ထိုင်ဝမ်ဒေါ်လာသစ် ၁.၃၇ ဘီလီယံ(ကန်ဒေါ်လာ ၄၄.၈ သန်း) ရရှိခဲ့ပါတယ်။
Source simpleflying
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U