Transportation

Cathay Pacific သိမ်းဆည်းထားသော လေယာဉ်အားလုံး ပြန်လည်ပြေးဆွဲရန် စီစဉ်

Cathay Pacific သိမ်းဆည်းထားသော  လေယာဉ်အားလုံး ပြန်လည်ပြေးဆွဲရန် စီစဉ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ခရီးသည်အသွားအလာများ ဆက်လက်ပြန်လည်များပြားလာ‌ေနသဖြင့် ဟောင်ကောင်အလံတင်လေကြောင်းလိုင်း Cathay Pacific သည် ကိုဗစ်မဖြစ်ပွားမီ အခြေအနေသို့ ၂၀၂၄ ခုန‌ှစ်တွင် ရာနှုန်းပြည့်  ပြန်လည်ရောက်ရှိရန် အလားအလာ ကောင်းနေသည်။

ဟောင်ကောင်အခြေစိုက် Cathay Pacific လေကြောင်းလိုင်းသည် ရပ်ထားရသည့် လေယာဉ်အားလုံးကို ၂၀၂၄ ခုနှစ်အစောပိုင်း မတိုင်ခင် ပြန်လည် ပြေးဆွဲတော့မည်ဟု လေကြောင်းလိုင်း၏ စီအီးအို Ronald Lam က Bloomberg Television သို့ ပြောကြားသည်။

 

photo_2023-03-21_13-40-11.jpg

 

 

ဟောင်ကောင်သည် တရုတ်အစိုးရ၏ တင်းကျပ်ပြင်းထန်သော ကိုဗစ်သုည မူဝါဒကို လိုက်နာကျင့်သုံးခဲ့ရသဖြင့် အသွားအလာ ကန့်သတ်ချက်များနှင့် တားမြစ်ချက်များသည် ကမ္ဘာ့အတင်းကျပ်ဆုံးနေရာများထဲမှ တစ်ခုဖြစ်ခဲ့သည်။

ထို့ကြောင့် Cathay Pacific အကြီးအကျယ် ထိခိုက်ခဲ့သည်။ ခရီးစဉ်အများအပြား ဖျက်သိမ်းထားခဲ့ရပြီး  လေယာဉ်များကို သိမ်းဆည်းထားခဲ့ရသည်။

.

တရုတ်ပြည်မတွင် ကိုဗစ်သုည မူဝါဒ ရုပ်သိမ်းပြီး ပြန်ဖွင့်လိုက်သောအခါကျမှ Cathay Pacific လည်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲခွင့် ရရှိခဲ့သည်။ သို့တိုင်အောင် ယခုအထိ ‌ရပ်နားထားရသည့် လေယာဉ်များ ကျန်ရှိနေဆဲ ဖြစ်ပြီး ch-aviation.com ၏ အချက်အလက်များအရ Cathay Pacific ၏ လေယာဉ် ၆၇ စင်း ရပ်နားထားဆဲ ဖြစ်သည်။

၎င်းတို့အနက် ၁၁ စီးသည် ပြုပြင်ထိနိးသိမ်းရေး လုပ်ဆောင်နေသဖြင့် လေယာဉ်ရုံထဲ သိမ်းဆည်း ထားသည်။ ကျန်သည့် လေယာဉ်များကို Hong Kong, Alice Springs, Xiamen, Ciudad Real အပါအဝင် နေရာအချို့တွင် သိမ်းဆည်းထားသည်။ ၎င်းလေယာဉ်များမှာ Airbus A330 ၊ Airbus A320 ၊ Airbus A321 ၊  Boeing 777-300  လေယာဉ်များ ဖြစ်ပါသည်။

.

ယခုအခါ Cathay Pacific တွင် လေယာဉ် စုစုပေါင်း ၁၉၁ စီး ရှိပါသည်။

Airbus A330 ၅၁ စီး

Airbus A321neo ၉ စီး

Airbus A350-900 ၂၈ စီး

Airbus A350-1000 ၁၈ စီး

Airbus A320 ၄ စီး

Airbus A321-200 ၃ စီး

Boeing 777-300ER ၄၁ စီး

Boeing 777-300 ၁၇ စီး

Boeing 747-8F ၁၄ စီး 

Boeing 747-400ERF ၆ စီး 

တို့ ဖြစ်ပါသည်။

.

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် Cathay Pacific လေကြောင်းလိုင်းသည် ခရီးသည် ဦးရေ ၁.၁ သန်းကို ပို့ဆောင်ခဲ့ပါသည်။

Source: Bloomberg TV, ch-aviatio​n.com

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)