Transportation

Boeing 787 အစီး ၈၀ နီးပါး ဆော်ဒီလေကြောင်းလိုင်းများ ဝယ်ယူမည်

Boeing 787 အစီး ၈၀ နီးပါး ဆော်ဒီလေကြောင်းလိုင်းများ ဝယ်ယူမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

နိုင်ငံပိုင် ဆော်ဒီအာရေးဗီးယားလေကြောင်းလိုင်း Saudia နှင့် အမျိုးသားလေကြောင်းလိုင်းသစ် Riyadh Air တို့သည် Boeing 787 လေယာဉ်များကို ဝယ်ယူကြမည်ဖြစ်သည်။ ယခုဝယ်ယူမည့် ၇၈ စီးအပြင် နောက်နောင် လိုအပ်ပါက ဒုတိယအသုတ်အဖြစ် ၄၃ စီး ထပ်မံဝယ်ယူမည် ဖြစ်သည်။ 

 

ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Mohammed bin Salman က Riyadh Air ကို ထူထောင်ကြောင်း တရားဝင် ကြေညာခဲ့သည်ကို Myanmar Logistics Guide တွင် ဖော်ပြခဲ့ပါသည်။ Read More . . .

အစောပိုင်းဆယ်စုနှစ်များကတည်းက တည်ထောင်ခဲ့သော်လည်း လက်ရှိနိုင်ငံအလံတင် Saudia လေကြောင်းလိုင်းကို နောက်မှ ပေါ်ပေါက်သည့် ဒေသတွင်းပြိုင်ဘက်များက သာလွန်နေသည်။ 

ဆော်ဒီအာရေဗျလေကြောင်းလိုင်း  Saudia ကို ၁၉၄၅ ခုနှစ်တွင် ထူထောင်ခဲ့သည်။ Emirates ထက် နှစ်ပေါင်း ၅၀ ကျော် စောသည်။ Qatar Airways ထက် နှစ်ပေါင်း ၆၀ နီးပါး စောသည်။ Etihad ထက် နှစ်ပေါင်း ၇၀ နီးပါး စောသည်။ 

နောက်မှပေါ်သည့် လေကြောင်းလိုင်း ၃ ခုသည် နာမည်ရ နိုင်ငံတကာလေကြောင်းလိုင်းများအဖြစ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ 

 

ဆော်ဒီအာရေးဗီးယား၏ စီးပွားဖြစ်လေကြောင်းလိုင်း  Saudia သည် ၎င်း၏အိမ်နီးနားချင်း လေကြောင်းလိုင်းများထက်  ခေတ်နောက်ကျကျန်ရစ်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ အကြား မထင်မရှား လေကြောင်းလိုင်းတစ်ခု ဖြစ်နေသည်။ 

 

 Emirates သည် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာလေကြောင်းလိုင်းဖြစ်သည်။

 

ကာတာနိုင်ငံသည် British Airways ၏ မိခင်ကုမ္ပဏီတွင်  ၂၅%  ကို ပိုင်ဆိုင်ထားပြီး ဉဗိတိန်နိုင်ငံမှ  Heathrow  အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရှယ်ယာ ၂၀% ပိုင်ဆိုင်သည်။ 

 

Etihad သည် ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီး၏ စပွန်ဆာအဖြစ်ဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ၎င်း၏ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့သည်။ လူ ၅၃,၀၀၀ ဆံ့သော အားကစားကွင်းကို “The Etihad” ဟု လူအများ သိကြသည်။

 

အိမ်ရှေ့မင်းသား Mohammed bin Salman ဆော်ဒီအာရေဗျ၏ လက်ရှိနိုင်ငံအလံတင်လေကြောင်းလိုင်းတွင် ရင်းနှီးမြှုပ်နှံမည့်အစား၊ လေကြောင်းလိုင်းအသစ် Riyadh Air  ကို စလုံးရေစ အစမှ ဖန်တီးရန် အစီအစဉ်ရှိကြောင်း ၎င်းက ကြေညာခဲ့သည်။

 

Riyadh Air သည် လေကြောင်ကဏ္ဍ၏ အနာဂတ်ကို ပုံဖော်ပေးမည့် ကမ္ဘာ့အဆင့်မီလေကြောင်းလိုင်းအသစ်တစ်ခု ဖြစ်လိုသည်ဟု သူက ဆိုသည်။ 

 

ယူအေအီးမှ Emirates airlines ၊ Qatar Airways. ၊ အဘူဒါဘီ၏ နိုင်ငံအလံတင် Etihad တို့ကို Riyadh Air ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

 

ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Mohammed bin Salman က ဆော်ဒီအာရေဗျအတွက် လေကြောင်းလိုင်း အသစ်တစ်ခု ထူထောင်ခြင်းအပြင် မြို့တော်တွင် King Khaled  လေဆိပ်အသစ်ကိုလည်း တည်ဆောက်မည် ဖြစ်သည်။ 

 

photo_2023-03-21_20-27-04.jpg 

King Khalid International Airport

 

လေဆိပ်အသစ်တွင် မျဉ်းပြိုင်ပြေးလမ်း ၆ ခု ပါဝင်သည်။  ၂၀၃၀ တွင် ခရီးသည် ဦးရေ သန်း ၁၂၀ အထိ ကိုင်တွယ်ပေးနိုင်မည်။

 King Khalid International Airport သည် ဒူဘိုင်းနှင့် ဒိုဟာမှ အပြည်ပြည်ဆိုင်ရာ လေဆိပ်များကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)