မီသနော လောင်စာသုံး ကားတင်သင်္ဘောအသစ်များ CMES မှာကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကားစီးရေ ၉,၃၀၀ တင်ဆောင်နိုင်တဲ့ အရွယ်အစား ကားတင်သင်္ဘော နှစ်စီး အသစ်တည်ဆောက်ပေးရန် China Merchants Energy Shipping (CMES) က မှာကြားခဲ့ပြီး ၎င်းကားတင်သင်္ဘောများဟာ မီသနောနှင့် လောင်စာဆီ နှစ်မျိုးဖြင့် ခုတ်မောင်းနိုင်မယ့် ကားတင်သင်္ဘောများ ဖြစ်ပါတယ်။
.
ရှန်ဟိုင်း စတော့အိပ်ချိန်းစာရင်းဝင် China Merchants Group လက်အောက်ခံလုပ်ငန်း CMES က ကန်ဒေါ်လာ ၁၂၅ သန်း ပေးချေခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှာ သင်္ဘောများကို လက်ခံရရှိမှာ ဖြစ်ပါတယ်။
.
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်မှာ အပြီးတည်ဆောက်ပေးရမယ့် ကားစီးရေ ၉,၀၀၀ တင်ဆောင်နိုင်တဲ့ အရွယ်အစား ကားတင်သင်္ဘော နောက်ထပ် ၄ စီးကို တစ်စီးလျှင် ကန်ဒေါ်လာ ၉၆ သန်းဖြင့် အသစ်တည်ဆောက်ပေးဖို့အတွက်လည်း letter of intent ရည်ရွယ်ကြောင်းစာချွန်လွှာကို ၂၀၂၂ ဒီဇင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
.
တရုတ်နိုင်ငံမှ ပြည်ပဈေးကွက်များသို့ ကားများ တင်ပို့ခြင်း အလွန်များပြားလာနေတာကြောင့် တရုတ် သင်္ဘောကုမ္ပဏီများဟာ ကားတင်သင်္ဘောလုပ်ငန်းကဏ္ဍထဲ စတင်ဝင်ရောက်လာနေကြပါတယ်။
များမကြာသေးခင်က COSCO က ကား စီးရေ ၇,၀၀၀ တင်ဆောင်နိုင်ပြီး LNGနှင့် လောင်စာဆီ နှစ်မျိုးဖြင့် ခုတ်မောင်းနိုင်သော ကားတင်သင်္ဘော ၃ စီး အသစ်တည်ဆောက်ရန် Guangzhou Shipyard International (GSI) အမှာစာ မှာကြားခဲ့ပါတယ်။ COSCO က ကားတင်သင်္ဘောလုပ်ငန်းကဏ္ဍထဲ ၂၀၂၆ မှာ ကားတင်သင်္ဘော ၂၄ စီးဖြင့် စတင်ဝင်ရောက်ဖို့် အစီအစဉ် ရေးဆွဲထားပါတယ်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U