ထိုင်း-တရုတ် ပထမဆုံး ဒူရင်းရထား ဆောလျင်စွာ ဆိုက်ရောက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံ မက်တပွတ်မှ တရုတ်နိုင်ငံ ကွမ်ကျို သို့ ခုတ်မောင်းသော “ဒူးရင်း” ရထားသည် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးများ ပို့ဆောင်ရန် ကြာချိန် အတိုတောင်းဆုံး စံချိန်သစ်ကို တင်လိုက်သည်။
ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Pan-Asia Silk Road Ltd (PAS) က ၎င်း၏ ဒူးရင်း အအေးပေး ကွန်တိန်နာ ၂၅ လုံးကို တင်ဆောင်လာသော ကုန်တင်ရထားသည် သတ်မှတ်ရက်ထက် ၁၂ ရက် စောပြီး ကွမ်ကျိုးဘူတာရုံသို့ တနင်္ဂနွေနေ့ (ဧပြီ ၂၃) ည ၉ နာရီ ၂၀ တွင် ဆိုက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။
ထိုင်းနိုင်ငံ ရယောင်းပြည်နယ် ရေနက်ဆိပ်ကမ်းမြို့ မက်တပွတ်ဘူတာမှ ဗုဒ္ဓဟူးနေ့ မနက်တွင် ၎င်းဒူရင်းရထား စတင် ထွက်ခွာခဲ့သည်။
ခရီးမိုင် ၃,၄၅၃ နှင်ပြီး နွံခိုင်ပြည်နယ်နှင့် လာအိုနိုင်ငံတို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ ယူနန်ပြည်နယ် မိုဟန်စစ်ဆေးရေးပွိုင့်မှ ဝင်ရောက်သည်။ ထို့နောက် ကွမ်ကျိုသို့ ခရီးဆက်သည်။
၅ ရက်ကြာ ခရီးစဉ်ကို ၄ ရက်ခွဲဖြင့် ဆိုက်ရောက်ခဲ့သည်။
.
လမ်းခရီးတွင် မိုဟန်မှ ထွက်ခွာပြီးနောက် စနေနေ့တွင် ကူမင်းဘူတာရုံမှာ ရထား ဆီဖြည့်သည်။ တို့နောက် ကွမ်ကျိုသို့ တောက်လျှောက် မရပ်မနား ခုတ်မောင်းခဲ့သည်ဟု PAS က ပြောကြားသည်။
.
“လေးရက်ခွဲကြာတဲ့ စံချိန်က တရုတ်နိုင်ငံကို သစ်သီးသယ်ပို့တဲ့ ယခင်စံချိန်ေဟာင်းကို စံချိန်ချိုးလိုက်ပါတယ်။ ကားလမ်းမှ ပို့ဆောင်တာထက် ၂ ဆ မြန်တယ်။ သင်္ဘောဖြင့် ပေးပို့တာထက် ၃ ဆ မြန်ပါတယ်" ဟု PAS က ပြောကြားသည်။ "လေကြောင်းကုန်စည်ဖြင့် တင်ပို့ရင် ပိုမြန်ပေမဲ့ ပို့ဆောင်ခ ပိုဈေးကြီးပါတယ်" ဟု PAS က ပြောကြားသည်။
.
“ထို့ကြောင့် PAS ၏ ထိုင်း-လာအို-တရုတ် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းသည် တရုတ်နိုင်ငံသို့ သစ်သီးဝလံတင်ပို့မှုတွင် အလျင်မြန်ဆုံး၊ အသက်သာဆုံးနှင့် စိတ်အချရဆုံးဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။" ဟု PAS ကြေညာချက်တွင် ဖော်ပြထားသည်။
.
၎င်းဒူရင်းရထားသည် PAS နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည့်
• China Railway Express Co Ltd
• Guangzhou Communications Investment Group Co Ltd,
• Laos-China Railway Co Ltd
• Shenzhen Eternal Asia Supply Chain Co Ltd
• Vientiane Logistics Park
• State Railway of Thailand
• PTT Plc
• Oriental Merchant Express Co Ltd
• Asia Express Logistics Co Ltd
တို့က ပြေးဆွဲသည့် ထိုင်း-လာအို-တရုတ် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းသစ်တွင် ပထမဆုံးရထားဖြစ်သည်။
.
ဒူးရင်း၊ သရက်သီးနှင့် အေးခဲပင်လယ်စာများ တရုတ်ပြည်သို့ ထိုင်းမှ တင်ပို့သူများကြားတွင် အနှစ်သက်ဆုံးလမ်းကြောင်း မကြာမီတွင် ဖြစ်လာတော့မည်ဟု PAS က ပြောကြားသည်။ ထို့ပြင် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို ထိုင်းသုိ့ တင်သွင်းသည့်သူများကြားတွင်လည်း အနှစ်သက်ဆုံးလမ်းကြောင်း ဖြစ်လာလိမ့်ဟု PAS က ပြောကြားသည်။
PAS သည် မေလတွင် ထိုင်း-လာအို-တရုတ် ကုန်စည်ပို့ဆောင်ရေး ရထားကို နေ့စဉ် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ခရီးစဉ်တွင် ကူမင်း၊ ချုံကင်းနှင့် ကွမ်ကျိုးမြို့များတွင် ရထားများ ခရီးတစ်ထောက် ရပ်နားမည်ဖြစ်ကြောင်း PAS က ပြောကြားသည်။
PAS တွင် လတ်ဆတ်သစ်သီးဝလံများ တင်ပို့ရန် အအေးပေး “reefer” ကွန်တိန်နာ လုံးရေ အနည်းဆုံး ၁,၀၀၀ ရှိသည်။
တရုတ်နိုင်ငံမှ တင်သွင်းသည့် ဓာတုဓာတ်မြေဩဇာများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ အီးကောမတ်စ် ပစ္စည်းများ အစရှိသည်တို့ကို ရထားအပြန်ခရီးတွင် သယ်ဆောင်လာမည် ဖြစ်သည်။ ၎င်းကုန်စည်များသည် ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ တရုတ်နိုင်ငံမှ တင်ပို့သည့် ပို့ကုန်များ ဖြစ်သည်။
Source nationthailand
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U