Transportation

အာရှရထားလမ်းကွန်ရက် မြန်နှုန်းမြင့် ရထားလမ်း ထိုင်းကဏ္ဍ အကောင်အထည်ဖော်

အာရှရထားလမ်းကွန်ရက် မြန်နှုန်းမြင့် ရထားလမ်း ထိုင်းကဏ္ဍ အကောင်အထည်ဖော်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှ မဲခေါင်မြစ်ဝှမ်းကိုဖြတ်ကာ အဆုံးစွန်တွင် စင်ကာပူသို့ ရောက်ရှိမည့် မြန်နှုန်းမြင့်ရထားလမ်းသည် တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်းတွင် အကျုံးဝင်သည်။ တရုတ်ပြည်၏ အိန္ဒိယသမုဒ္ဒရာသို့ လက်လှမ်းမီရေး လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

၎င်းရထားလမ်းကွန်ရက် ဖြစ်တည်လာခဲ့လျှင် တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများနှင့် ပိုမိုနီးစပ်မည် ဖြစ်သည်။

၎င်းအာရှရထားလမ်းကွန်ရက်တွင် လာအိုအပိုင်းကဏ္ဍ အကောင်အထည် ဖော်ပြီးပြီဖြစ်ပြီး ထိုင်းအပိုင်းကဏ္ဍကို အကောင်အထည်ဖော်နေဆဲ ဖြစ်သည်။

လာအို မြန်နှုန်းမြင့် ရထားလမ်းသည် ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့ကို လာအိုမြို့တော် ဗီယင်ကျန်းသို့ ဆက်သွယ်ပေးထားသည်။

.

ထိုင်းနိုင်ငံကဏ္ဍသည် မလေးရှား အရှေ့မြောက်ပိုင်း နယ်စပ်မှ လာအိုနယ်စပ်အထိ မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ရမည် ဖြစ်သည်။

အကောင်အထည်ဖော်ရန် မည်မျှ ကုန်ကျမည်၊ မည်သည့်နိုင်ငံက မည်သို့မည်ပုံ ရင်းနှီးမြှုပ်နှံမည်၊ ရထားလမ်းအကျယ် မည်သည့် အမျိုးအစား သုံးစွဲမည် တို့ကို နှစ်အတန်ကြာ ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ထိုင်းနိုင်ငံက အဆင့်နှစ်ဆင့်ဖြင့် မြန်နှုန်းမြင့်ရထားလမ်းကို စတင်အကောင်အထည် ဖော်သည်။

ကုန်ကျစရိတ် အနည်းဆုံး ကန်ဒေါ်လာ ၂ ဘီလီယံ ကုန်ကျမည်။ ထိုင်းနိုင်ငံက ပြည်သူ့ဘဏ္ဍာဖြင့် အကုန်အကျခံမည်။ တရုတ်နိုင်ငံ၏ ရထားလမ်း စနစ်များနှင့် နည်းပညာတို့ကို အသုံးပြုမည်။

ထိုင်းနိုင်ငံကို လာအိုမှတစ်ဆင့် တရုတ်ပြည်နှင့် ချိတ်ဆက်မည်။ 

ထိုင်းနိုင်ငံ၏ အပိုင်းကဏ္ဍသည် ခါးပတ်လမ်းခေါင်းစဉ်အောက်မှ အာရှတခွင် ရထားလမ်းကွန်ရက် Pan-Asian Railway Network တွင် ပါဝင်သည်။

 

photo_2023-03-15_07-43-55.jpg

 

၎င်းကွန်ရက်တွင် မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့လည်း ပါဝင်သည်။

ကွန်ရက်သည် ခရီးသည် ပို့ဆောင်ရေးဖြင့် စတင်မည်။ ထို့နောက် ကုန်စည်ပို့ဆောင်ရေးကို ဝန်ဆောင်မှုပေးအပ်မည်။

 

  Pan-Asian Railway Network တွင် ဘန်ကောက်သည် အချက်အချာနေရာတစ်ခုကို ရရှိမည်။

  Source VOA

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 
Read times
Rate this item
(0 votes)