Transportation

ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘော Advantage Sweet အီရန်ဖမ်းဆီးထား

ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘော Advantage Sweet အီရန်ဖမ်းဆီးထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အိုမန်ပင်လယ်ကွေ့တွင် နိုင်ငံတကာရေပိုင်နက်အတွင်း မာရှယ်ကျွန်းစု Marshall Islands  အလံတင် ရေနံတင်သင်္ဘောတစ်စင်းကို အီရန်က ကြာသပတေးနေ့ (ဧပြီ ၂၇)တွင် ဖမ်းဆီးခဲ့ကြောင်း အမေရိကန်ရေတပ်က ပြောကြားခဲ့သည်။

.

၂၀၁၉ ခုနှစ်မှစ၍ ထိလွယ်ရှလွယ် ပင်လယ်ကွေ့ရေပြင်တွင် စီးပွား‌ေရးလုပ်ငန်းသုံး သင်္ဘောများကို ဖမ်းဆီးခြင်း ၊ တိုက်ခိုက်ခြင်းများ ဖြစ်ပွားလျက်ရှိရာ ယခုဖြစ်ရပ်သည် နောက်ဆုံးဖြစ်‌ေပါ်‌နေသည့် ဖြစ်ရပ်ဖြစ်သည်။

.

အိုမန်ပင်လယ်ကွေ့တွင် မာရှယ်ကျွန်းစုအလံတင်  ရေနံတင်သင်္ဘောတစ်စင်း အီရန်သင်္ဘောနှင့် တိုက်မိပြီး သင်္ဘောသားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အီရန်စစ်တပ်က ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ခဲ့ငည်။ 

“သင်္ဘောတိုက်မိမှုကြောင့် သင်္ဘောသား နှစ်ဦး ပျောက်ဆုံးနေပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါသည်” ဟု အီရန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အမေရိကန်ရေတပ်က အဆိုပါသင်္ဘောမှာ Advantage Sweet ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

.

Refinitiv သင်္ဘောခြေရာခံအချက်အလက်အရ Advantage Sweet သည် ရေနံလုပ်ငန်းကြီး Chevron မှ စင်းလုံးငှားထားသည့် ရေနံတင်သင်္ဘော ဖြစ်သည်။

ကူဝိတ်တွင် နောက်ဆုံး ဆိုက်ကပ်ခဲ့သော Suezmax အရွယ်အစား ရေနံစိမ်းတင်သင်္ဘောဖြစ်သည်။

 

photo_2023-04-28_19-47-21.jpg

.

Chevron က Advantage Sweet ပါ၀င်သည့် ဖြစ်ရပ်ကို သိရှိထားကြောင်း ပြောကြားသည်။

"ဒီအခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ သင်္ဘောအော်ပရေတာတွေနဲ့ အဆက်အသွယ် ရှိပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သင်္ဘော၏ ဦးတည်ရာ ခရီးအဆုံးဆိပ်ကမ်းမှာ မက္ကဆီကို ပင်လယ်ကွေ့ရှိ အမေရိကန်  ဟူစတန် ဆိပ်ကမ်းဟု စာရင်းသွင်းထားကြောင်း သင်္ဘော ခြေရာခံ အချက်အလက်များက ဖော်ပြသည်။

.

photo_2023-04-28_19-47-13.jpg

 

သင်္ဘောကို တူရကီအခြေစိုက် Genel Denizcilik Nakliyati AS က စီမံခန့်ခွဲ ပြေးဆွဲသည်။

.

မာရှယ်ကျွန်းစု ရေကြောင်း စီမံခန့်ခွဲရေးမှူးက အခြေအနေကို သိရှိပြီး သင်္ဘောပိုင်ရှင်/အော်ပရေတာနှင့် ဆက်သွယ်ထားကြောင်း ပြောကြားခဲ့သည်။ အသေးစိတ် အချက်အလက် ထုတ်ပြန်ခြင်း မပြုပါ။

 

photo_2023-04-28_19-46-51.jpg

.

"အီရန်က သင်္ဘောများကို ဆက်လက် နှောင့်ယှက်ခြင်းနှင့် ဒေသတွင်း ရေကြောင်းသွားလာရေးဆိုင်ရာ အခွင့်အရေးများကို စွက်ဖက်ခြင်းသည် ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်" ဟု အမေရိကန် ရေတပ်က ပြောကြားခဲ့သည်။

အီရန်သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အရှေ့အလယ်ပိုင်းတွင် ကူးသန်းရောင်းဝယ်ရေး သင်္ဘောငါးစင်းထက်မနည်းကို တရားမ၀င် ဖမ်းဆီးခဲ့သည်ဟု ‌အမေရိကန် ရေတပ်က ပြောကြားခဲ့သည်။

 .

ကမ္ဘာ့ရေနံစိမ်းနှင့် ရေနံထွက်ကုန်များ၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းကြသည့်  အီရန်နှင့် အိုမန်ကြားရှိ ကျဉ်းမြောင်းသော ရေလမ်းကြောင်း ဟိုမုဇ် Hormuz ရေလက်ကြားကို Advantage Sweet ဖြတ်သန်းသွားခဲ့ကြောင်း လေ့လာဆန်းစစ်ရေး ကုမ္ပဏီ Vortexa မှ အချက်အလက်များအရ သိရသည်။

.

ရေကြောင်းလုံခြုံရေးကုမ္ပဏီ Ambrey က သင်္ဘောဆီသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဖမ်းဆီးနေချိန်တွင် သင်္ဘောက အ‌ရေးပေါ် အကူအညီ distress call ထုတ်လွှင့်ခဲ့သည်ဟု အမေရိကန်ရေတပ်က ပြောကြားသည်။

.

“လက်ရှိ လုပ်ဆောင်ချက်အပေါ် ယူဆချက်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်က မောင်းသူမဲ့ သင်္ဘောကို ဒေသတွင်းသို့ ပထမဆုံး  အကြိမ်စေလွှတ်ခဲ့လို့ တုံ့ပြန်တဲ့အနေဖြင့် သင်္ဘောကို ဖမ်းဆီးပြီး အင်အားပြတာ ဖြစ်နိုင်ပါတယ်" ဟု ရေကြောင်းလုံခြုံရေး ကုမ္ပဏီ Dryad မှ Munro Anderson က သုံးသပ်ပြောကြားသည်။

 

International Maritime Organization IMO  ၏ သင်္ဘောဒေတာဘေ့စ်အရ Advantage Sweet ကို တရုတ်နိုင်ငံမှာ မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခုဖြစ်သော SPDBFL No One Hundred & Eighty-Seven (Tianjin) Ship Leasing Co Ltd က  ပိုင်ဆိုင်ပါသည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)