ဖိလစ်ပိုင် မနီလာမြို့တော်လေဆိပ် ဒုတိယအကြိမ် မီးပျက်သဖြင့် ခရီးစဉ်အချို့ ရုပ်သိမ်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှ Ninoy Aquino International Airport NAIA ၏ Terminal 3 တွင် ၂၀၂၃ ခုနှစ် မေလ ၁ ရက်တွင် ရုတ်တရက် မီးပျက်သွားသဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်အချို့ နှောင့်နှေးခဲ့ပြီး ခရီးစဉ်အချို့ ဖျက်သိမ်းခဲ့ရသည်။
.
Terminal 3 တွင် ပြည်တွင်းလေကြောင်းခရီးစဉ် ၄၀ ကို ဖျက်သိမ်းခဲ့သည်ဟု မနှီလာ အပြည်ပြည်ဆိုင်ရာ လေကြောင်းအာဏာပိုင်က ကြေညာချက် ထုတ်ပြန်သည်။
ဒေသစံတော်ချိန် နံနက် ၁း၀၅ နာရီတွင် ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက လျှပ်စစ်ဓာတ်အား ချက်ခြင်း ပြန်လည် ပြုပြင်ရန် အမိန့်ပေးခဲ့သည်။
လွန်ခဲ့သည့်လေးလ နှစ်ဆန်း ၁ ရက်နေ့ကလည်း အလားတူ ဓာတ်အားပြတ်တောက်မှု Ninoy Aquino International Airport တွင် ဖြစ်ပွားခဲ့သည်။ ခရီးစဉ် ၆၀၀ ခန့် ထိခိုက်ခဲ့သည်။ နှစ်သစ်ကူးကာလ ခရီးသည် များပြားချိန် ဖြစ်သဖြင့် ခရီးသည် ၆၅,၀၀၀ ဝန်းကျင် ဒုက္ခရောက်ခဲ့ကြသည်။
Source gulfnews
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U