အင်ဂျင်မကောင်းသဖြင့် ဘတ်ဂျက် လေကြောင်းလိုင်း Go First ဒေဝါလီခံ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အိန္ဒိယ ဘတ်ဂျက် လေကြောင်းလိုင်း Go First သည် အင်္ဂါနေ့က လူမွဲအဖြစ် ခံယူပြီး တရားရုံးတော်၏ အကာအကွယ် ရယူခဲ့သည်။
ကုမ္ပဏီ ဘဏ္ဍာရေး ပြိုလဲရသည်မှာ Pratt & Whitney အင်ဂျင်များ ချို့ယွင်းမှုကြောင့် Go First ၏ Airbus A320neo လေယာဉ်များတွင် စီးရေ တစ်ဝက်ခန့် မြေပြင်မှာ ရပ်နားထားရသောကြောင့် ဖြစ်သည်။
.
"Go First ၏ လေယာဉ်များမှ Pratt & Whitney ၏ International Aero Engines မှ ပံ့ပိုးပေးသော အင်ဂျင် ပျက်နေသည့် အရေအတွက် တိုးများလာခြင်းကြောင့် Go First သည် ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့အထိ လေယာဉ် ၂၅ စင်းကို မြေပြင်မှာ ရပ်နားထားရသည်" ဟု Go First က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
.
စင်ကာပူနိုင်ငံတကာ အနုညာတရေးရာစင်တာ Singapore International Arbitration Centre (SIAC) ၏ မတ်လတွင် ချမှတ်ခဲ့သည့် အမိန့်တွင် Pratt & Whitney သည် ဧပြီလ ၂၇ ရက်နေ့ နောက်ဆုံးထား၍ အနည်းဆုံး အင်ဂျင် ၁၀ လုံး ထောက်ပံ့ပေးရန်၊ ထိုနောက်ပိုင်းတွင် ဒီဇင်ဘာလအထိ လစဉ်လတိုင်း အင်ဂျင် ၁၀ လုံး ထောက်ပံ့ပေးရန် ညွှန်ကြားထားသည်။
Pratt & Whitney က လိုက်နာဆောင်ရွက်ရန် ငြင်းဆန်ခဲ့သည်။
.
Pratt & Whitney ၏ အင်ဂျင်များ ပျက်နေသဖြင့် မြေပြင်မှာ ရပ်နားထားရသည့် လေယာဉ်စီးရေသည် ၂၀၁၉ ဒီဇင်ဘာလတွင် Go First လေယာဉ်အားလုံး၏ ၇% ရှိခဲ့ပြီး ၂၀၂၀ ဒီဇင်ဘာလတွင် ၃၁% ဖြစ်လာသည်။ ၂၀၂၂ ဒီဇင်ဘာလတွင် ၅၀% နီးပါး ဖြစ်နေပြီ ဖြစ်သည်။
.
အိန္ဒိယလေကြောင်းကဏ္ဍသည် အပြိုင်အဆိုင် ကြမ်းသည်။ Jet Airways, Kingfisher Airlines ကဲ့သို့သော အဆင့်မြင့် လေကြောင်းလိုင်းများ အပါအဝင် အနည်းဆုံး လေကြောင်းလိုင်း ၁၅ ခု တို့သည့် လွန်ခဲ့သည့် နှစ် ၃၀ အတွင်း ပျောက်ကွယ် သွားခဲ့ကြသည်။ ဈေးနှုန်းစစ်ပွဲနှင့် လေယာဉ်ဆီ ကုန်ကျစရိတ် မြင့်မားခြင်းတို့သည် အဓိက အကြောင်းရင်းများ ဖြစ်သည်။
အစိုးရက ကန်ဒေါ်လာ ၁၁.၈ ဘီလီယံ သုံးစွဲပြီး လေဆိပ်များ ဆောက်လုပ်ခြင်း၊ ခေတ်မီအောင် ပြုပြင်မွမ်းမံခြင်းများ လုပ်ဆောင်နေသည်။ လေဆိပ်ခုရေ ၁၄၀ ရှိသည်ကို ခုရေ ၂၀၀ သို့ ရောက်အောင် ၂၀၂၅ မတိုင်ခင် ဆောက်လုပ်မည် ဖြစ်သည်။
Source Asia Nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U