စင်ကာပူလေကြောင်းလိုင်း Boeing 737 MAX 8 ၈ စင်း အမှာစာ ရုပ်သိမ်း၊ အစီး ၁၀၀ အမှာစာ ကျန်ရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
စင်ကာပူလေကြောင်းလိုင်းသည် Boeing 737 MAX 8 ၈ စင်း အမှာစာ ရုပ်သိမ်းခဲ့ပြီးသည့် နောက်တွင်Boeing 737 MAX ၁၃ စီး အပါအဝင် အမှာစာ လေယာဉ် အစီး ၁၀၀ ကျန်ရှိသည်။
.
Singapore Airlines Group သည် Boeing 737 MAX 8 ရှစ်စင်းအတွက် အမှာစာများကို ဖျက်သိမ်းရန် Boeing နှင့် သဘောတူညီမှုရရှိခဲ့ကြောင်း အင်္ဂါနေ့ (မေ ၁၆)တွင် ကြေညာခဲ့သည်။ ကိုယ်ထည်အကျယ် လေယာဉ်များအတွက် အမှာစာတွင်လည်း အပြောင်းအလဲ ပြုခဲ့သည်။
.
Singapore Airlines Group သည်၂၀၂၂/၂၀၂၃ ဘဏ္ဍာရေးနှစ် ရလဒ်များ ထုတ်ပြန်စဉ်တွင် လေယာဉ်အမှာစာ အပြောင်းအလဲများကိုကြေညာချက် ထုတ်ပြန်ခဲ့သည်။
.
၂၀၂၂/၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း Singapore Airlines သည် လေယာဉ်အသစ်များ လက်ခံရရှိခဲ့ရာ မတ်လတွင် Airbus A350-900 တစ်စီး၊ ဧပြီလတွင် Boeing 787-10 တစ်စီး ရယူခဲ့သည်။ ထို့ပြင် း အတွင်းပိုင်း အခန်းဖွဲ့ထားသည့် 737 MAX 8 တစ်စီးကိုလည်း လက်ခံရရှိခဲ့ပါသည်။ သုံးစီးစလုံး ကိုယ်ထည်အကျယ် လေယာဉ်များ ဖြစ်ပါသည်။
.
ပထမသုံးလပတ်အကုန်တွင် ခရီးသည်တင်လေယာဉ် ၁၈၈ စင်းနှင့် ကုန်တင်လေယာဉ် ခုနစ်စင်း စုစုပေါင်း လေယာဉ် ၁၉၅ စီးဖြင့် ပျံသန်းပြေးဆွဲခဲ့ပါသည်။
.
Singapore Airlines Group ၏ Scoot နှင့် Singapore Airlines တို့သည် အမှာစာ လေယာဉ် အစီး ၁၀၀ ရှိပါသည်။ Boeing များ ဖြစ်ပြီး Airbus နှင့် Embraer လေယာဉ်အမှာစာများကို ဆိုင်းငံ့ထားပါသည်။
မကြာသေးမီက ၎င် လေယာဉ်အမှာစာများကို ပြင်ဆင်သတ်မှတ်ရန် Boeing နှင့် သဘောတူညီမှု ရရှိခဲ့သည်။
Boeing 787-10 ၃ စီးအစား Boeing 787-9 ၃ စီး ဟု ပြင်ဆင်ခဲ့ပါသည်။ 737 MAX 8 ၈ စီးကို အမှာစာ ရုပ်သိမ်းခဲ့ပါသည်။
၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့အထိ
.
Singapore Airlines အမှာစာများတွင်
Airbus A350 ၃ စင်း၊
Boeing 787-10 ၁၅ စင်း၊
Boeing 777-9 ၃၁ စင်း
Boeing MAX 8 ၁၃ စင်း
Airbus A350F ၇စင်း
တို့ ပါဝင်သည်။
.
Scoot အမှာစာများတွင်
Boeing -9 Dreamliner ၁ စင်း၊
Boeing 787-8 ၃ စင်း၊
Airbus A320neo ၁၂ စင်း၊
Airbus A321neo ၆ စင်း၊
Embraer E190-E2 ၉ စင်း
တို့ ပါဝင်သည်။
.
Singapore Airlines Group သည်၂၀၂၂/၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နှစ်ပေါင်း (၇၆) နှစ် အတွင်း အသားတင်အမြတ် အများဆုံး စံချိန်တင်ခဲ့ပါသည်။
https://www.logisticsguide.com.mm/en/industry-news/transportation/227209-sia-group.html
Source simpleflying
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U