Transportation

အမြတ်ဝေမျှ အစီအစဉ်အရ စင်ကာပူလေကြောင်း ဝန်ထမ်းများ ဆုကြေး ၈ လခအထိ ရမည်

အမြတ်ဝေမျှ အစီအစဉ်အရ စင်ကာပူလေကြောင်း ဝန်ထမ်းများ ဆုကြေး ၈ လခအထိ ရမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Covid-19 ကပ်ရောဂါသည် လေကြောင်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကဏ္ဍအတွက် ခက်ခဲကြမ်းတမ်း‌သည်။

.

Singapore Airlines (SIA) Group သည် ကိုဗစ်ကာလ သုံးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့ပြီးသည့်နောက် ၇၆ န‌ှစ်တာအတွင်း အများဆုံး စံချိန်တင် နှစ်စဉ်အမြတ်ငွေ ရရှိခဲ့သဖြင့် ၎င်း၏ ဝန်ထမ်းများကို ဆုကြေးများ ချီးမြှင့်မည် ဖြစ်သည်။

မေလ ၁၇ ရက်တွင် ကျင်းပခဲ့သည့် နှစ်ပတ်လည် လုပ်ငန်းအစည်းအဝေး မှတ်တမ်း ဗီဒီယိုတွင် ရှင်းလင်းတင်ပြသည့် ပါဝါပွိုင့်ဆလိုက်များ မြင်တေ‌ွ့ရာ၌ ဆလိုက်တစ်ချပ်တွင် SIA ဝန်ထမ်းများအား  အမြတ်ငွေ ၆.၆၅ လခ ဝေမျှမည်ကို ဖော်ပြထားသည်။

photo_2023-05-18_14-30-53.jpg

 

အမြတ်ငွေဖြင့် ဝန်ထမ်းများကို ဆုကြေးချီးမြှင့်မည်ဖြစ်ရာ ရာထူးအဆင့်အလိုက် ၆ လခကျော်မှ ၈ လခ အထိ ရရှိကြမည် ဖြစ်သည်။

ဆုကြေးတွင် အကျုံးဝင်သည့် ဝန်ထမ်းများကို အမြတ်ဝေမျှ အစီအစဉ်အရ ဆုကြေး ၆.၆၅ လခ အပြင် ကပ်ရောဂါကာလအတွင်း ဒုက္ခသုက္ခများအကြား အလုပ်ကြိုးစားကြသည်ကို အသိအမှတ်ပြုရန်  အများဆုံး ၁.၅ လခအထိ ချီးမြှင့်မည်ဟု Business Times က သတင်းဖော်ပြသည်။


စင်ကာပူလေကြောင်းလိုင်းလုပ်ငန်းစု သုံးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့ပြီးနောက် အမြတ်ငွေ ဒေါ်လာ ၁.၆၃ ဘီလီယံ စံချိန်တင်

https://www.logisticsguide.com.mm/en/industry-news/transportation/227209-sia-group.html


 

Source asiaone

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)