Thai Airways နှင့် Smile Airways ပေါင်းစည်းရန် အတည်ပြု ခွင့်ပြုချက် ရရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Thai Airways International Plc (THAI) နှင့် ၎င်း၏ ရာနှုန်းပြည့်ပိုင် လုပ်ငန်းခွဲ Thai Smile Airways တို့ ပေါင်းစည်းခြင်းကို Thai Airways Creditors Committee မှ အတည်ပြုခဲ့ကြောင်း THAI CEO Chai Eamsiri မှ ပြောကြားခဲ့ပါသည်။
.
ထိုင်းလေကြောင်း မြီရှင်များ ကော်မတီ Thai Airways Creditors Committee က မိခင်ကုမ္ပဏီ ပြန်လည်ဖွဲ့တည်ခြင်း အစီအစဉ်၏ အပိုင်းတစ်ခု အဖြစ် ခွင့်ပြုခဲ့သည်။
.
Thai Smile ၏ လေယာဉ် အစီး ၂၀ ကို ယခုနှစ်အတွင်း THAI သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါအပြောင်းအရွှေ့သည် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကို ၂၀% အထိ လျှော့ချနိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် ပျံသန်းမှု ၁၁ နာရီကို တိုးမည်ဖြစ်သည်။
Thai Smile ၏ လေယာဉ်သုံးစွဲမှုနှုန်းမှာ တစ်ရက် ပျံသန်းချိန် ၉ နာရီ ဖြစ်ပြီး THAI သည် တစ်ရက် ၁၂-၁၃ နာရီ ဖြစ်ပါသည်။
Thai Airways လေကြောင်းလိုင်းသည် ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးစဉ်များကို ပိုမို လွှမ်းခြုံနိုင်မည်ဖြစ်သည်။
.
Thai Smile ၏ Air Operator လိုင်စင်ကို ရုတ်သိမ်းလိုက်တော့မည်ဖြစ်သည်။
Source nationthailand
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U