Transportation

ဂျေဂျူးလေကြောင်းလိုင်း အသားတင်အမြတ် ပြန်လည်ရရှိ

ဂျေဂျူးလေကြောင်းလိုင်း အသားတင်အမြတ် ပြန်လည်ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တောင်ကိုရီးယားမှ အကြီးဆုံး ဘတ်ဂျက်လေကြောင်းလိုင်း Jeju Air Co အရှုံးပေါ်နေခဲ့ရာမှ ပထမ၃ လပတ်တွင် အသားတင် အမြတ် ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာပါသည်။

ကိုဗစ်ကန့်သတ်တားမြစ်ချက်များ မရှိတော့သည့်နောက်ပိုင်း လေကြောင်းခရီးသွားလာမှု များပြားလာသဖြင့် ဝင်ငွေပြန်ကောင်းလာခဲ့ပြီး အသားတင်အမြတ် ရရှိခဲ့ပါသည်။

.

၂၀၂၃ ခုနှစ် မတ်လမှာ အဆုံးသတ်သည့် ပထမ၃လပတ်တွင် အသားတင်အမြတ် ဝမ် ၄၈.၁၉ ဘီလီယံ (ကန်ဒေါ်လယ ၃၆ သန်း) ရရှိခဲ့ပါသည်။ ယမန်နှစ် ပထမ၃လပတ်တွင် ဝမ် ၆၄.၉၁ ဘီလီယံ အသားတင်အရှုံးပေါ်ခဲ့ပါသည်။

.

တရုတ်ပြည်ခရီးစဉ်များ သွားလာသည့် ခရီးသည် နည်းနေဆဲ ဖြစ်သော်လည်း အရှေ့တောင်အာရှ နိုင်ငံများသို့ ခရီးစဉ်များ တိုးမြှင့်ပျံသန်းနိုင်ခဲ့သည့်အပြင် လေကြောင်းကုန်စည် ပို့ဆောင်မှုများ တိုးမြှင့်နိုင်ခဲ့ပါသည်။

.

Jeju Air သည် ယခင်က Boeing B787-800 အစီး ၄၀ ဖြင့် ပျံသန်းပြေးဆွဲခဲ့ပြီး ယခုအခါ ၃၇ စီးဖြင့် ပျံသန်း ပြေးဆွဲလျက် ရှိသည်။

.

Source koreaherald

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)