Transportation

ဗီယက်နမ် အစိုးရ လေယာဉ်လက်မှတ်ခ ထိန်းချုပ်မှု လျော့ပေါ့ပေးရန် ငြင်းပယ်

ဗီယက်နမ် အစိုးရ လေယာဉ်လက်မှတ်ခ ထိန်းချုပ်မှု လျော့ပေါ့ပေးရန် ငြင်းပယ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဗီယက်နမ်တွင် လေယာဉ်လက်မှတ်များအတွက် အများဆုံး ဈေးနှုန်းကို အစိုးရက ပြဋ္ဌာန်းပေးခြင်းကို ရုပ်သိမ်းလိုက်ပါက အာဏာပိုင်များအား စျေးကွက်ထိန်းညှိရန် ကိရိယာတစ်ခု ဆုံးရှုံးသွားစေမည် ဖြစ်ပြီး  ဝင်ငွေနည်းပါးသောသူများ လေကြောင်းသွားလာမှုကို လက်လှမ်းမမီတော့သည့် အဖြစ်သို့ ရောက်ရှိသွားစေနိုင်ကြောင်း ဗီယက်နမ်  အစိုးရက ပြောကြားသည်။

.

အများဆုံး ဈေးနှုန်း ပြဋ္ဌာန်းချက် မရှိတော့လျှင် လေကြောင်းလိုင်းများသည် ဈေးနှုန်းများကို အလွန်မြင့်မားသည်အထိ ဈေးတင်ကြလိမ့်မည်။ အထူးသဖြင့် အသွားအလာများသည့် ခရီးစဉ်များတွင် အသွားအလာများသည့် အချိန်ကာလ ဥပမာ နှစ်သစ်ကူးကာလမျိုးတို့တွင် လေယာဉ်ခများ ဈေးအလွန်ကြီးနေလိမ့်မည်။ စားသုံးသူများကို ထိခိုက်စေလိမ့်မည်ဟု  ဗီယက်နမ်  အစိုးရက လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။

.

သွင်းအားစုကုန်ကျစရိတ်များ မြင့်တက်လာချိန်တွင် လေကြောင်းလိုင်းများသည် ဝင်ငွေတိုးလာစေရန်အတွက် လေကြောင်းလိုင်းများနှင့် လေ့လာသုံးသပ်သူများက စျေးနှုန်းကန့်သတ်ချက်ကို ဖယ်ရှားရန် အဆိုပြုထားသော်လည်း  အစိုးရက အပြောင်းအလဲကို လက်မခံပေ။

.

“ဗီယက်နမ်ရဲ့ ပျမ်းမျှဝင်ငွေကြောင့် ဈေးနှုန်းတွေ တိုးလိုက်ရင်  လေကြောင်းလိုင်း ဝန်ဆောင်မှုတွေကို ခရီးသည်တွေ လက်လှမ်းမီမှု လျော့ကျသွားလိမ့်မယ်" ဟု အစိုးရက  ပြောကြားသည်။

လေကြောင်းလိုင်းများ အများအပြား ဈေးကွက်ထဲ ရောက်ရှိလာပြီး လေယာဉ်လက်မှတ်များကို ဈေးချရောင်းပြီး ပြိုင်ဆိုင်ကြသည့်အခါမျိုးတွင်သာ  အများဆုံး ဈေးနှုန်း ပြဋ္ဌာန်းချက်ကို ရုပ်သိမ်းနိုင်မည်ဟု အစိုးရက ပြောကြားသည်။ 

.

ဗီယက်နမ်တွင် လေယာဉ်လက်မှတ်ခများအတွက်  အများဆုံး ဈေးနှုန်း ပြဋ္ဌာန်းချက် အပြောင်းအလဲ မရှိသည်မှာ ၈ နှစ် ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း ပို့ဆောင်ရေး ဝန်ကြီးဌာနသည် ယခုနှစ်နှောင်းပိုင်းတွင် ပျမ်းမျှ ၃ ဒသမ ၇၅ ရာခိုင်နှုန်း မြှင့်တင်ရန် စီစဉ်ထားသည်။

Source vn express

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)