SpiceJet မန္တလေးခရီးစဉ် ပြေးဆွဲမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အိန္ဒိယနိုင်ငံမှ ဘတ်ဂျက် လေကြောင်းလိုင်း SpiceJet သည် မြေပြင်မှာ လအတန်ကြာ ရပ်နားထားသော Boeing 737 လေယာဉ်များဖြင့် နိုင်ငံတကာ ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်ဖြစ်ရာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ပုံမှန်ခရီးစဉ်များ ပျံသန်းရန် စီစဉ်နေသည်။
.
သက်တမ်း ၁၈ နှစ်ရှိပြီဖြစ်သော SpiceJet သည် ကိုဗစ်ကာလ လေယာဉ်ခရီးစဉ်များ ရပ်နားထားခဲ့ရသဖြင့် ဘဏ္ဍာရေးအခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ဖို့ ကြိးပမ်းအားထုတ်နေသည်။
အိန္ဒိယနိုင်ငံ အဂါတလာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတို့အကြား ခရီးစဉ်များနှင့် အိန္ဒိယနိုင်ငံ အင်ဖာ Imphal(IMF) နှင့် မြန်မာနိုင်ငံ မန္တလေး Mandalay(MDL) တို့အကြား ခရီးစဉ်များကို လာမည့်လ ဇွန်လကုန်ပိုင်းတွင် ပျံသန်းပြေးဆွဲသွားမည် ဖြစ်သည်။
.
SpiceJet သည် ရပ်နားထားရသည့် လေယာဉ် ၅၂ စင်း ပြန်လည်ပျံသန်းပြေးဆွဲနိုင်ရေးကို ဦးတည်ဆောင်ရွက်နေသည်။
.
Spice jet သည် ၎င်း၏ လော့ဂျစ္စတစ် လုပ်ငန်းကဏ္ဍ SpiceXpress ကို မကြာသေးခင်က သီးခြား ခွဲထုတ်လိုက်သည်။
ယူကေအခြေစိုက် SRAM & MRAM Group က SpiceXpress တွင် ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံရန် ကတိကဝတ် ပြုထားသည်။
.
ဘဏ္ဍာရေး အခက်အခဲများ ရှိနေသော်လည်း ဒေဝါလီခံရန် အစီအစဉ် မရှိကြောင်း SpiceJet က မေလ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မ,တည်ငွေ ကန်ဒေါ်လာ သန်း ၅၀ ဖြင့် ရပ်နားထားသော လေယာဉ်များ ပျံသန်းပြေးဆွဲနိုင်ရေးကို အကောင်အထည်ဖော်မည်ဟု ပြောကြားသည်။
.
SpiceJet သည် ၎င်း၏ ပထမဆုံး ခရီးသည်တင်လေယာဉ် ပျံသန်းမှုကို ၂၀၀၅ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ဒေလီမှ အာမက်ဒါဘတ်သို့ ပျံသန်းခဲ့သည်။
Source economic times
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U