Transportation

ဂျာကာတာ-ဘန်ဒေါင်းသို့ မြန်နှုန်းမြင့်ရထား ပထမဆုံး စမ်းသပ်မှု ပြီးမြောက်

ဂျာကာတာ-ဘန်ဒေါင်းသို့  မြန်နှုန်းမြင့်ရထား ပထမဆုံး စမ်းသပ်မှု ပြီးမြောက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဂျကာတာနှင့် အင်ဒိုနီးရှားနိုင်ငံ၏ စတုတ္ထမြောက် လူဦးရေအများဆုံး မြို့ဖြစ်သည့်  ဘန်ဒေါင်းတို့ကို ချိတ်ဆက်ထားသော ပထမဆုံး မြန်နှုန်းမြင့်ရထားကို မေလ ၂၃ရက်တွင် တစ်နာရီ ၁၈၀ ကီလိုမီတာနှုန်းဖြင့် စမ်းသပ်ပြေးဆွဲမှု ပြီးစီးခဲ့ပြီး တစ်နာရီအတွင်း ရောက်ရှိခဲ့သည်။

 

photo_2023-05-26_07-48-39.jpg

ဘက်စုံထောင့်စုံ စမ်းသပ်မှု၏ ပထမဆုံးအဆင့် စမ်းသပ်ခြင်းဖြစ်ပြီး လာမည့်ရက်သတ္တပတ် သုံးပတ်အတွင်း ပြုလုပ်မည့် စမ်းသပ်မှုများတွင် ရထားအမြန်နှုန်းသည် တစ်နာရီ ၃၈၅ ကီလိုမီတာအထိ တဖြည်းဖြည်း မြင့်တက်သွားမည် ဖြစ်သည်။

မြို့ကြီးနှစ်မြို့အကြား ၂ နာရီခွဲ ကြာခဲ့သည်ကို မိနစ်ပိုင်းဖြင့် ရောက်ရှိမည် ဖြစ်သည်။ အမြန်ဆုံး အမြန်နှုန်းဖြင့် ခုတ်မောင်းပါက မိနစ် ၄၀ ခန့်သာကြာမည်။

၎င်းမြန်နှုန်းမြင့် အမြန်ရထားကို ဩဂုတ်လတွင် စတင်ပြေးဆွဲမည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒူဒူက ရထားပြေးဆွဲမှုကို ဩဂုတ် ၁၈ ရက်တွင် စတင်ရန် စီစဉ်ထားသည်။

အင်ဒိုနီးရှားသည် မြန်နှုန်းမြင့် အမြန်ရထားလမ်းကို ပထမဆုံးပိုင်ဆိုင်သည့် အရှေ့တောင်အာရှနိုင်ငံဖြစ်လာသည်။

အရှည် ၁၄၂ ကီလိုမီတာရှိ ရထားလမ်းစီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။

၎င်းသည် တရုတ်နိုင်ငံ အစိုးရ၏ ခါးပတ်လမ်း Belt and Road Initiative ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

စမ်းသပ်မှုတွင် ခင်းထားသည့် ရထားလမ်း အရည်အသေွး၊ ရထားတုန်ခါမှု၊ ရထားကို ဓာတ်အားပေးပို့ခြင်း၊ ဆက်သွယ်ရေး၊ အချက်ပြစနစ်နှင့် အခြားစနစ်များကို ဆန်းစစ်ခဲ့သည်။ အားလုံး အရည်အသွေး ပြည့်မီကြောင်း တွေ့ရသည်။

မီးရထားလမ်းတွင် စမတ်အာရုံခံကိရိယာများ၊ ငလျင်စောင့်ကြည့်နိုင်မှုနှင့် ကြိုတင်သတိပေးစနစ်များ တပ်ဆင်ထားသည်။

 

photo_2023-05-26_07-47-51.jpg

.

အမျိုးသားအင်ဂျင်နီယာသုတေသနဌာနမှ အကြီးတန်းအင်ဂျင်နီယာ Mr Chen Dongsheng က

"Jakarta-Bandung HSR (high-speed rail) (မြန်နှုန်းမြင့်ရထား)ကုိ လျှပ်စစ်ဖြင့် မောင်းနှင်ပြီး ရထားအနေဖြင့်  ကာဗွန်တိုက်ရိုက်ထုတ်လွှတ်မှု မရှိပါ။ မြန်ဆန်တယ်။ ကားနှင့် လေယာဉ် သယ်ယူပို့ဆောင်ရေးနှင့် နှိုင်းယှဉ်ပါက ခရီးသည် ပိုများများ ပို့ဆောင်ပေးနိုင်တယ်။ စွမ်းအင် သုံးစွဲမှု ပိုမိုသက်သာပါတယ်" ဟု ပြောကြားသည်။

Screenshot_2023-05-26_074831.jpg

 

အင်ဒိုနီးရှားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ဝန်ကြီး၏ လက်ထောက်ဖြစ်သူ Kartika Wirjoatmodjo က "ကျွန်တော်တို့ မြန်နှုန်းမြင့်ရထားလမ်းကို ဩဂုတ်လ ၁၈ ရက်မှာ စတင်ဖွင့်လှစ်ရန် လမ်းကြောင်းပေါ်ရောက်နေပါပြီ။ မဟာဂျာကာတာကို ဝန်ဆောင်မှုပေးမယ့် LRT (Light Rail Transit) ကိုလည်း ဩဂုတ်လ ၁၈ ရက်မှာ HSR နှင့်အတူ တစ်ပြိုင်နက်တည်း စတင်ပါမယ်" ဟု ပြောကြားသည်။

photo_2023-05-26_07-47-57.jpg

ပုံတွင် ယာခြမ်းအပေါ်မှာ တွေ့ရသည့် ရထားမှာ အင်ဒိုနီးရှား၏ ပထမဆုံး မြန်နှုန်းမြင့် ရထား ဖြစ်ပြီး ဝဲခြမ်းအောက်မှာ တွေ့ရသည့် ရထားမှာ ဂျာကာတာ မြို့တွင်းရထား LRT ဖြစ်ပါသည်။ ၎င်း ရထား နှစ်မျိုးစလုံး ဩဂုတ်လ ၁၈ ရက်တွင် စတင်ပြေးဆွဲမည်။

 

မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို တရုတ်နှင့် အင်ဒိုနီးရှား ဖက်စပ်လုပ်ငန်း Kereta Cepat Indonesia China (KCIC) က အကောင်အထည် ဖော်သည်။

အင်ဒိုနီးရှားမှ နိုင်ငံပိုင်ကုမ္ပဏီများ ဖြစ်သည့် မီးရထားလုပ်ငန်း KIA ၊ ဆောက်လုပ်ရေးကုမ္ပဏီ Wijaya Karya တို့က KCIC တွင် ၆၀% ပိုင်ဆိုင်သည်။ ကျန်သည့် ၄၀% ကို တရုတ်မှ China Railway Engineering Corporation နှင့် အခြားတရုတ်ကုမ္ပဏီများက ပိုင်ဆိုင်သည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း   စုစုပေါင်း ကုန်ကျစရိတ်မှာ ကနဦး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ (စင်ကာပူဒေါ်လာ ၈ ဘီလီယံ) ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇွန်လထက် နောက်မကျ စတင်ပြေးဆွဲနိုင်ရန် နောက်ထပ် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ လိုအပ်ကြောင်း ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှား အစိုးရက ပြောကြားခဲ့သည်။

မူလက ၂၀၁၉ ခုနှစ်တွင် စတင်ပြေးဆွဲရန် လျာထားခဲ့သည်။ ရထားလမ်းဖောက်မည့် ‌ေြမဧရိယာများ ဝယ်ယူရာတွင် ကြန့်ကြာမှုများ ရှိခဲ့ပြီး အကုန်အကျလည်း သိသိသာသာ ပိုများခဲ့သည်။ ထို့နောက် Covid-19 ကြောင့် နှောင့်နှေးခဲ့ရပြန်သည်။ သို့ဖြစ်ရာ ယခုနှစ်မှ စတင်ပြေးဆွဲနိုင်မည် ဖြစ်သည်။

 

 Source straitstimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)