MRT အရှေ့မြောက်လိုင်း ရိုဘော့ခွေး အလုပ်ခန့်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
စင်ကာပူမှ MRT ရထားလိုင်းများအနက် အရှေ့မြောက်လိုင်း North East Line (NEL) ၏ ရထားများ ထားရှိရာ ရုံတွင် SBS Transit မှ နည်းပညာရှင်များတွင် MRT ရထားကို ကြည့်ရှုစစ်ဆေးရန် ယုံကြည်စိတ်ချရသော အဖော်မွန်တစ်ဦးအဖြစ် အလေးချိန် ၅၀ ကီလိုဂရမ်ရှိ ခြေ၄ ချောင်း ဉာဏ်ရည်တု ရိုဘော့ခွေးတစ်ကောင်ကို အသုံးပြုသည်။
kAI ဟု လူသိများသော စက်ရုပ်ခွေးသည် လစဉ်ရထားကြံ့ခိုင်မှု စစ်ဆေးခြင်း ကဲ့သို့သော ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အလုပ်များကို နည်းပညာရှင်များအား ကူညီပေးပါသည်။
စက်ရုပ်ခွေးက ကိုယ်ပေါ်တွင် တပ်ဆင်ထားသည့် ကင်မရာတစ်လုံးနှင့် စင်စာများဖြင့် MRT ရထားများကို မျက်မြင်စစ်ဆေးခြင်းကို ရှုထောင့်အမျိုးမျိုးမှ ကြည့်ရှုစစ်ဆေးပေးသည်။ အစိတ်အပိုင်း အမျိုးမျိုးကို တစ်ခုချင်း ကြည့်ရှုစစ်ဆေးပေးပြီး ချို့ယွင်းချက်များတွေ့ပါက ၎င်း၏ ဉာဏ်ရည်တုဖြင့် ဆန်းစစ်သည်။ မည်သို့ဆောင်ရွက်သင့်သည်ကို နည်းပညာရှင်တို့အား အကြံပြုသည်။
ရထားကို စစ်ဆေးရာတွင် လူစစ်ဆေးသည်ထက် ၂ ဆမြန်သည်။ ပိုစေ့စပ်သည်။ အရည်အသွေး ပိုကောင်းသည်။
အပူကို ပုံဖော်သည့် thermal imaging၊ အသံအာရုံခံ sound sensor တို့လည်း ရိုဘော့ခွေးတွင် ပါဝင်သည်။
Source straitstimes
Source straitstimes
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U