Transportation

တောင်ကိုရီးယားမှ Asiana Airlines ကို Korean Air က ဝယ်ယူခြင်းအား အမေရိကန်နှင့် အီးယူတို့က ဆန့်ကျင်

တောင်ကိုရီးယားမှ Asiana Airlines ကို Korean Air က ဝယ်ယူခြင်းအား အမေရိကန်နှင့် အီးယူတို့က ဆန့်ကျင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တောင်ကိုရီးယားမှ Asiana Airlines ကို Korean Air က ဝယ်ယူရန်ကိစ္စရပ်ကို အမေရိကန်နှင့် အီးယူမှ သယ်ယူပို့ဆောင်ရေးအာဏာပိုင်များက သဘောတူ ခွင့်ပြုရန် ဝန်လေးနေကြသည်။ လက်ဝါးကြီးအုပ်မည့်အရေးကို စိုးရိမ်ကြသည်။

.

အမေရိကန်တရားရေးဌာန Department of Justice (DOJ) သည် Korean Air မှ Asiana လေကြောင်းလိုင်းကို ဝယ်ယူမှုအား တားဆီးရန်အတွက် တရားစွဲဆိုသည့်နည်းလမ်းကို သုံးသပ်နေသည်။

.

Korean Air နှင့် Asiana လေကြောင်းလိုင်း နှစ်ခုစလုံးသည် နယူးယောက်၊ လော့စ်အိန်ဂျယ်လိစ်၊ စန်ဖရန်စ္စကိုနှင့် ဆီတဲ လေဆိပ်များသို့ ပျံသန်းပြေးဆွဲလျက်ရှိသည်။

.

လေကြောင်းလိုင်း ဝယ်ယူခြင်းသည် အမေရိကန်နှင့် ကိုရီးယားတို့အကြား ခရီးသည်နှင့် ကုန်တင်သယ်ယူပို့ဆောင်ရေးတွင် ယှဉ်ပြိုင်မှုကို ထိခိုက်နိုင်သည်ဟူသော စိုးရိမ်မှုများအပေါ် အခြေခံ၍ တရားစွဲဆိုမည်ဖြစ်သည်။ သို့သော်လည်း တရားစွဲရန် အပြီးသတ် ဆုံးဖြတ်ချက် မချသေးပါ။

.

Korean Air က Asiana Airlines ကို ဝယ်ယူပြီး တစ်ခုတည်းသော ကုမ္ပဏီအဖြစ် ပေါင်းစည်းမည်ကို DOJ က ၂၀၂၀ နိုဝင်ဘာလကတည်းက သုံးသပ်နေခြင်း ဖြစ်သည်။

.

အကယ်၍ DOJ က တရားစွဲပါက ပြည်ပလေကြောင်းလိုင်းများအကြား ပေါင်းစည်းမှုကို တားဆီးရန် အမေရိကန်အစိုးရမှ ပထမဆုံးအကြိမ် တရားစွဲဆိုခြင်း ဖြစ်လာမည်။

.

Korean Air သည် DOJ နှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု Korean Air မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

.

ဥရောပကော်မရှင်ကလည်း ဉရောပနှင့် ကိုရီးယားတို့အကြား လေကြောင်းကုန်စည် ပို့ဆောင်မှုနှင့် ဥရောပ လေးနိုင်ငံဖြစ်သည့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် စပိန်တို့နှင့် ကိုရီးယားတို့အကြား ခရီးသည် ပို့ဆောင်ရေးတို့အပေါ် သက်ရောက်မှု မည်သို့ရှိမည်ကို စူးစမ်းလေ့လာနေသည်။

အီးယူသည် လေကြောင်းလိုင်း ပေါင်းစည်းခြင်းကို ကန့်ကွက်လေ့ရှိသည်။

လက်ဝါးကြီးအုပ်မည်ကို စိုးရိမ်မှုများကြောင့် ကနေဒါနှင့် စပိန်ရှိ ထိပ်တန်းလေကြောင်းလိုင်းသုံးခုကို ပေါင်းစည်းရန်ကိစ္စရပ်ကို ၂၀၂၁ ခုနှစ်တွင် အီးယူက သဘောမတူခဲ့ချေ။

အကယ်၍ အီးယူက ပေါင်းစည်းခြင်းအား အတည်ပြု ခွင့်ပြုခြင်းမပြုပါက Korean Air သည် Asiana Airlines ဝယ်ယူခြင်းကို လက်လျှော့လိုက်ရလိမ့်မည်။

အတည်ပြု ခွင့်ပြုချက်ကို ယူကေ အပါအဝင် ၁၁ နိုင်ငံထံမှ ရရှိထားပြီး ဖြစ်သော်လည်း အကယ်၍ အမေရိကန်၊ အီးယူ သို့မဟုတ် ဂျပန်ရှိ ပြိုင်ဆိုင်မှုဆိုင်ရာ အာဏာပိုင်များက အတည်ပြုရန် ငြင်းဆိုခဲ့လျှင် ဝယ်ယူပေါင်းစည်းရေးကို လက်လျှော့ရမည် ဖြစ်သည်။

 

 Source koreatimes
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)