Hengli Shipbuilding သင်္ဘောကျင်း ဂရိ bulk သင်္ဘောကုမ္ပဏီထံမှ အမှာစာများ ရရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံရှိ STX Dalian သင်္ဘောကျင်းဟု ယခင်က သိကြသော Hengli Shipbuilding သင်္ဘောကျင်းသည် bulk သင်္ဘော 82,000 dwt kamsarmaxes အရွယ်အစား လေးစီး အသစ်တည်ဆောက်ပေးရန် အမည်ထုတ်ဖော် ပြောကြားခြင်း မပြုသည့် ဂရိသင်္ဘောကုမ္ပဏီ တစ်ခုထံမှ အမှာစာ လက်ခံရရှိခဲ့သဖြင့် သင်္ဘောကျင်း ပြန်လည်ရှင်သန်ရေး ခိုင်မာသွားပါသည်။
STX Dalian သင်္ဘောကျင်းသည် ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့စဉ်က ဧရိယာအကျယ်အဝန်းအရ ကမ္ဘာပေါ်တွင် အကြီးဆုံးသင်္ဘောကျင်းတစ်ခုဖြစ်ခဲ့ပါသည်။
တောင်ကိုရီယားရှိ မိခင်လုပ်ငန်း STX Group ဘဏ္ဍာရေးအကျပ်အတည်းကြောင့် STX Dalian သင်္ဘောကျင်းသည် ၂၀၁၄ ခုနှစ်တွင် ဒေဝါလီခံခဲ့ရသည်။
တောင်ကိုရီးယားမှ ရေနံဓာတုကုမ္ပဏီကြီး Hengli Group ၏ လုပ်ငန်းခွဲဖြစ်သော Hengli Heavy Industry Group သည် ယမန်နှစ်က STX Dalian ၏ ပိုင်ဆိုင်မှုအားလုံးကို ရယူရန် ယွမ် ၁.၇၂၉ ဘီလီယံ (ဒေါ်လာ ၂၅၇ သန်း) ပေးခဲ့သည်။
၈ နှစ်ကြာ ရပ်နားထားသော သင်္ဘောကျင်းကို Hengli Shipbuilding အမည်ဖြင့် ပြန်အသက်သွင်းခဲ့သည်။
မကြာသေးခင်က Haixing Shipping ထံမှ 82,000 dwt အရွယ်အစား ဝမ်းပုံ bulk သင်္ဘော အသစ် ၄ စီးတည်ဆောက်ရန် အမှာစာ ရရှိခဲ့သည်။ ယခင်က 20,000 dwt အရွယ်အစား bulk သင်္ဘော အသစ် ၄ စီး နှင့် 61,000 dwt အရွယ်အစား bulk သင်္ဘော အသစ် ၁ စီး အမှာစာ ရရှိထားပါသည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U