Transportation

ပနားမားတူးမြောင်း အကျပ်အတည်း ‌အနည်းဆုံး ၁၀ လ ကြာမြင့်မည်

ပနားမားတူးမြောင်း အကျပ်အတည်း ‌အနည်းဆုံး ၁၀ လ ကြာမြင့်မည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ပနားမားတူးမြောင်း အာဏာပိုင်များက ရေထိန်းသိမ်းမှု အစီအမံများကို အနည်းဆုံး လာမည့် ၁၀ လအထိ လုပ်ဆောင်သွားမည်ဟု ဩဂုတ်လ ၂၄ ရက်က သတိပေးခဲ့သည်။

 

ယခုနှစ်တွင် မကြုံစဖူးသော မိုးခေါင်ခြင်းနှင့် ရင်ဆိုင်နေရပြီး အယ်လ်နီညို ရာသီဥတု ဖြစ်စဉ် စတင်ခြင်းနှင့်အတူ ပနားမား တူးမြောင်းမှ အုပ်ချုပ်ရေးမှူးများသည် တူးမြောင်းမှ  ပိုကြီးသော နီneopanamax ရေပြင်ညှိဆည် ဖြတ်သန်းသည့် သင်္ဘောများအတွက် ရေစူး ကန့်သတ်ချက် ၂ မီတာ ပြဋ္ဌာန်းထားသည်။ ထို့ပြင် တရက်တာ ဖြတ်သန်းသည့် အစီးရေကို ပုံမှန်ထက် ၂၀% လျှော့ချကာ တစ်ရက်လျှင် ၃၂ စင်းသာ ဖြတ်သန်းရန် ခွင့်ပြုထားသည်။

 

ထိုသို့ တူးမြောင်းဖြတ်သန်းသည့် အစီးရေ လျှော့ချထားသဖြင့် တူးမြောင်း တစ်ဖက်တစ်ချက်စီတွင် စောင့်ဆိုင်းနေရသည့် သင်္ဘောများ များပြားနေသည်။ ယခုလ ဩဂုတ် အစောပိုင်းတွင် ၁၆၅ စီးအထိ ရှိခဲ့ပြီး ဩဂုတ်လ ၂၄ ရက်တွင် ၁၂၉ စီး ရှိသည်။

 


ပနားမားတူးမြောင်း ဖြတ်သန်းရန် ပျမ်းမျှစောင့်ဆိုင်းရက် မြင့်တက်

https://www.logisticsguide.com.mm/en/industry-news/transportation/227458


 

တူးမြောင်း၏လက်ထောက်စီမံခန့်ခွဲရေးမှူး Ilya Espino က ကန့်သတ်ချက်များသည် လာမည့်နှစ် ၂၀၂၄ ပထမနှစ်ဝက်အထိ ဆက်ရှိနေမည်။  အနည်းဆုံး နောက်ထပ် ၁၀ လအထိ ဆက်လက်ရှိနေဦးမည်ဟု ရိုက်တာသတင်းဌာနသို့ ဩဂုတ်လ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ 

 

 ခရီးစဉ် အချိန်ဇယား ရေးဆွဲထားနိုင်သည့် ကွန်တိန်နာသင်္ဘောများနှင့် အပျော်စီးသင်္ဘောများသည် အစောကြီးကတည်းက ကြိုတင်စာရင်း ပေးသွင်းထားကြသည်။

 ဝမ်းပုံတင် bulk သင်္ဘောများသည် ခရီးစဉ်ကို ရက်အတိအကျ သတ်မှတ်၍ မရသည့် သဘောသဘာဝကြောင့် ကြိုတင်စာရင်းပေးသွင်းနိုင်ကြခြင်းမရှိကြချေ။ သို့ဖြစ်ရာ တူးမြောင်းဖြတ်သန်းရန် တန်းစီစာရင်းတွင် စာရင်းပေးသွင်းပြီး စောင့်ကြရသည်။

 

ကွန်တိန်နာသင်္ဘော အကြီးစားများသည် ကုန်အပြည့်အဝ တင်ထားလျှင် ကန့်သတ်ရေစူးထက် ကျော်လွန်နေမည် ဖြစ်သဖြင့် ကွန်တိန်နာ အရေအတွက် လျှော့ပြီး တင်ဆောင်ကြရသည်။ ယေဘုယျအားဖြင့် ပေ ၂၀ ကွန်တိန်နာ အလုံး ၂၅၀၀ (2,500 teu) ဝန်းကျင် လျှော့ထားရသည်။ တနည်းဆိုရသော် ၁၀၀% မတင်နိုင်ဘဲ ၈၄% ဝန်းကျင်အထိသာ တင်ဆောင်ကြရသည်။

12,000 teu နှင့်အထက် အရွယ်အစား ကွန်တိန်နာသင်္ဘေားအချို့သည် ပနားမားတူးမြောင်း မသုံးတော့ဘဲ ပိုဝေးသည့် လမ်းကြောင်းဖြင့် သွားကြသည်။

 Source splash247


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)