အပြည်ပြည်ဆိုင် မြန်မာလေကြောင်း နိုဗိုစီဘရက်ခ်သို့ ပျံသန်းရန် ခွင့်ပြုချက် ရရှိ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ရုရှားဖက်ဒရယ်လေကြောင်းပို့ဆောင်ရေးအေဂျင်စီ Russian Federal Air Transport Agency - Rosaviatsia သည် မန္တလေး-နိုဗိုစီဘရက်ခ်-မန္တလေး ခရီးစဉ်လမ်းကြောင်းပေါ်တွင် ပျံသန်းပြေးဆွဲရန် မြန်မာအလံတင် လေကြောင်းလိုင်းဖြစ်သည့် အပြည်ပြည်ဆိုင် မြန်မာလေကြောင်း Myanmar Airways International MAI အား ခွင့်ပြုချက် ပေးအပ်ပါသည်။
ရန်ကုန်-မန္တလေး-နိုဗိုစီဘရက်ခ် အသွားအပြန် ခရီးစဉ်များကို လာမည့် စက်တင်ဘာလ ၅ ရက်တွင် စတင်ပျံသန်း ပြေးဆွဲရန် စီစဉ်ထားကြောင်း Logistics Guide တွင် တင်ပြခဲ့ပါသည်။
MAI လေကြောင်းလိုင်း ရန်ကုန် မန္တလေး ရုရှားခရီးစဉ် စက်တင်ဘာ လဆန်း စတင်ပျံသန်းမည်
https://www.logisticsguide.com.mm/en/knowledge/tips/227427-mai.html
အဆိုပါ ဆိုက်ဘေးရီးယား၏မြို့တော် နိုဗိုစီဘရက်ခ် Novosibirsk ခရီးစဉ်ကို Airbus A319 တစ်စီးဖြင့် ပျံသန်းပြေးဆွဲမည် ဖြစ်ပြီး တပတ်လျှင် နှစ်ကြိမ် ပုံမှန် ပျံသန်းပြေးဆွဲမည် ဖြစ်ပါသည်။
မြန်မာနှင့် ရုရှားတို့အကြား အပျော်တမ်း ခရီးသွားများ၊ အကြောင်းကိစ္စဖြင့် ခရီးသွားသူများ၊ အလုပ်ကိစ္စဖြင့် ခရီးသွားသူများအတွက် တိုက်ရိုက်ခရီးစဉ် ဖြစ်ပါသည်။
မြန်မာနှင့် ရုရှားတို့အကြား တိုက်ရိုက် လေယာဉ်ခရီးစဉ် မရှိတော့သည်မှာ နှစ်ပေါင်း ၂၀ ရှိပြီ ဖြစ်ပါသည်။ ရုရှားမှ လေကြောင်းလိုင်း Aeroflot သည် ၁၉၆၂ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ရန်ကုန်ခရီးစဉ်ကို ပျံသန်းပြေးဆွဲခဲ့ပါသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားနှင့် မြန်မာလေကြောင်းအာဏာပိုင်များကြား မော်စကိုတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
ယင်းဆွေးနွေးပွဲများအတွင်း နှစ်နိုင်ငံ လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်သစ်တစ်ရပ်ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ သတ်မှတ်ထားသော လေကြောင်းလိုင်းများအတွက် စီးပွားရေး အလို့ငှာ ပျံသန်းပြေးဆွဲခွင့်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
Source rustourismnews
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL