ထိုင်းသင်္ဘောလိုင်း Pilatus Marine ဘတ် ၁ ဘီလီယံကျော်ဖြင့် သင်္ဘော ၃ စီး ဝယ်ယူ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ကုမ္ပဏီသည် ၎င်း၏ သင်္ဘောငှားရမ်းခြင်းလုပ်ငန်းကို နိုင်ငံရပ်ခြားတွင် ချဲ့ထွင်ရန် အထူးသဖြင့် ဗီယက်နမ်တွင် အခွင့်အလမ်းကို ရယူရန် သင်္ဘောထပ်တိုးခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ သယ်ယူပေးနိုင်သည့် ပမာဏအရ အကြီးဆုံး ရေနံဓာတ်ငွေ့ရည် liquefied petroleum gas (LPG) သယ်ယူပို့ဆောင်ရေး အော်ပရေတာ Pilatus Marine သည် ထိုင်းစတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီ ဖြစ်ပါသည်။
Pilatus Marine သည် ကုမ္ပဏီသည် LPG ကို ရေကြောင်းနှင့် ကုန်းလမ်း ပို့ဆောင်ပေးကာ အခြားကုမ္ပဏီများသို့ သင်္ဘောများ ငှားရမ်းခြင်းကိုလည်း လုပ်ကိုင်ပါသည်။
Pilatus Marine သည် စုစုပေါင်း ဘတ် ၁.၀၅ ဘီလီယံဖြင့် တစ်ပတ်ရစ် အကြီးစား LPG တင် သင်္ဘော ၃ စီးကို ဝယ်ယူပါသည်။
၎င်းသင်္ဘော ၃ စီးစလုံး ချာတာ အငှား ၁၅ နှစ် ရရှိထားသည်။
သင်္ဘော ၃ စီး ထပ်ဖြည့်ပြီးသည့်အခါ Pilatus Marine အကြမ်းအမြတ်မာဂျင်သည် ၂၀-၂၅% သို့ မြင့်တက်မည်ဟု မျှော်မှန်းကြောင်း Pilatus Marine စီအီးအို Varawit Chimtawan က ပြောကြားသည်။
သင်္ဘောတစ်စီးလျှင် ဘတ် သန်း ၃၅၀ ပေးရပြီး ၂၀၂၃ နှင့် ၂၀၂၅ ခုနှစ်အတွင်း Pilatus Marine သို့ လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။ ပထမဆုံးသင်္ဘောကို ၂၀၂၃ စက်တင်ဘာလတွင် ရရှိမည်။
၎င်းသင်္ဘော ၃ စီးကို နိုင်ငံတကာ ရေကြောင်းခရီးစဉ်များတွင် ပြေးဆွဲမည်။
Pilatus Marine တွင် ယခုအခါ သင်္ဘော ၁၉ စီး ရှိသည်။ အရွယ်အစားမှာ တန် ၆၀၀-၉၀၀ အတွင်း ဖြစ်သည်။
Pilatus Marine ၏ အကြီးမားဆုံး ဖောက်သည်မှာ ထိုင်းနိုင်ငံမှ နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းကြီး PTT Oil and Retail Business (OR) ဖြစ်သည်။
ဒုတိယအကြီးဆုံးဖောက်သည်မှာ ထိုင်းနိုင်ငံမှ WP Energy Plc ဖြစ်သည်။
Pilatus Marine သည် ဗီယက်နမ်ဈေးကွက်ကို ဖြစ်နိုင်ခြေရှိသော လေ့လာမှုများ ပြုလုပ်နေသည်။ နောက်နှစ်တွင် ဗီယက်နမ်ဈေးကွက်သို့ ဝင်ရောက်ရန် ရည်မှန်းထားသည်။
LPG ကုန်လမ်းပို့ဆောင်ရေးတွင် ထရပ်ကားများဖြင့် ပို့ဆောင်ပေးပြီး OR ထံမှ ၅ နှစ် ကန်ထရိုက် ရရှိထားပြီး ဒီဇင်ဘာလ ၁ ရက်တွင် စတင်မည်။
Pilatus Marine သည် ၂၀၂၂ တွင် ဝင်ငွေ ဘတ် သန်း ၇၉၀ ရရှိခဲ့သည်။
ယခုနှစ်တွင် ဘတ် သန်း ၈၅၀ ရရှိမည်ဟု မျှော်မှန်းထားသည်။
နောက်နှစ် ၂၀၂၄ တွင် ဘတ် ၁ ဘီလီယံသို့ ရောက်ရှိရန် ရည်မှန်းထားကြောင်း Mr Varawit က ပြောကြားသည်။
Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL