ထိုင်းအဲအေးရှား ပြည်တွင်းဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်း ရရှိရန် ရည်မှန်းထား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ထိုင်းပြည်တွင်းဈေးကွက်တွင် ဈေးကွက်ဝေစု ၄၀% ကို ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် ရရှိရန် Thai AirAsia ရည်မှန်းထားသည်။
နောက်နှစ်တွင် ဂျပန်ခရီးစဉ် ၂ ခု တိုးမြှင့်ပျံသန်းမည် ဖြစ်သည်။
Thai AirAsia ၏ အမှုဆောင်အရာရှိချုပ် Santisuk Klongchaiya က ယခုနှစ် ပထမနှစ်ဝက်တွင် စျေးကွက်ဝေစု ၃၇ ရာခိုင်နှုန်းရရှိကြောင်း ပြောကြားသည်။ ကိုဗစ်အကြိုကာလတွင် စျေးကွက်ဝေစု ၃၃ ရာခိုင်နှုန်း ရရှိခဲ့သည်ထက် ပိုများလာကြောင်း ၎င်းက ပြောကြားသည်။
Thai AirAsia သည် ထိုင်းနိုင်ငံမှ ပြည်နယ် ၂၁ သို့ ခရီးစဉ် ၃၂ ခု ပျံသန်းပြေးဆွဲနေသည်။ ထို့ပြင် ဒေသတွင်းခရီးစဉ် ၈ ခု ပျံသန်းပြေးဆွဲသည်။
ပြည်တွင်း လမ်းကြောင်းများအနက် Ranong Chumphon, Loei , Hua Hin-Chiang Mai လမ်းကြောင်းတို့တွင် Thai AirAsia လေကြောင်းလိုင်း တခုတည်းသာ ပြေးဆွဲလျက် ရှိသည်။
ထိုင်းနိုင်ငံမှ ကုန်သွယ်မှုဆိုင်ရာ ပြိုင်ဆိုင်မှု ကော်မရှင်သည် ထိုင်းနိုင်ငံရှိ စျေးသက်သာသော လေကြောင်းလိုင်းအချို့ကို လေယာဉ်လက်မှတ်ခများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ရာ၌ ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် လေယာဉ်လက်မှတ် ဈေးနှုန်းသတ်မှတ်ပုံများကို ကြီးကြပ်သည့်အဖွဲ့အစည်းထံ ရှင်းလင်းတင်ပြခဲ့ပြီးပြီ ဖြစ်သည်ဟု Mr Santisuk က ပြောကြားသည်။
ယခုအခါ လက်မှတ်ဈေးနှုန်းများကို ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင် Civil Aviation Authority of Thailand (CAAT) မှ ထိန်းချုပ်ထားပြီး လေကြောင်းလိုင်းသည် CAAT မှ သတ်မှတ်ထားသည့် ဈေးနှုန်းစည်းမျဉ်းများကို ချိုးဖောက်ခြင်းမရှိဟု Mr Santisuk က ပြောကြားသည်။
လေယာဉ်လက်မှတ်ခများသည် ကိုဗစ်အကြိုကာလ ၂၀၁၉ ထက် ၁၀-၂၀% ပိုများသည်။
ခရီးသည် များလာသည်ကို လေယာဉ် အလုံအလောက် မဖြည့်ဆည်းနိုင်သဖြင့် ဈေးကွက်တွင် ဝယ်လိုအား ပိုများနေခြင်းကြောင့် ဈေးမြင့်တက်သည်ဟု Mr Santisuk က ပြောကြားသည်။
ထိုင်းအဲအေးရှားသည် ထိုင်းပြည်တွင်းတွင် ခရီးစဉ် အသစ်များချဲ့ထွင်ခြင်းထက် လက်ရှိ ပြေးဆွဲနေသည့် ခရီးစဉ်များကို တဖြည်းဖြည်း တိုးမြှင့်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပထမနှစ်ဝက်တွင် ဂျက်လေယာဉ် ၄၅ စီးဖြင့် ပြေးဆွဲခဲ့ပြီး နှစ်ကုန်တွင် ၅၄ စီး ရှိမည်။
၂၀၂၄ တွင် ဂျက်လေယာဉ် ၆၀ စီးအထိ ရှိမည်။ Airbus A321 လေယာဉ်များ ဖြည့်ထည့်မည်။ လက်ရှိ သုံးစွဲနေသည့် Airbus A320 ထက် ပျံသန်းချိန် ၁ နာရီ ပိုမို ပျံသန်းနိုင်သည်။
Airbus A320 တွင် ထိုင်ခုံ ၁၈၀ သာပါပြီး Airbus A321 တွင် ထိုင်ခုံ ၂၃၆ ခုံ ပါသဖြင့် ခရီးသည် ပိုများများ ပို့ဆောင်ပေးနိုင်မည်ဟု Mr Santisuk က ပြောကြားသည်။
Airbus A321 လေယာဉ်များ လက်ခံရရှိပြသည့်အခါ ဂျပန်ခရီးစဉ်များ ဖြစ်သည့် အိုကီနာဝါနှင့် ဟီရိုရှီးမား ခရီးစဉ်များ ပြေးဆွဲမည်။
ယခုနှစ်တွင် ခရီးသည် သန်း ၂၀ ပို့ဆောင်ရန် ရည်မှန်းထားပြီး ၂၀၂၄ တွင် ၂၂ သန်းအထိ ပို့ဆောင်နိုင်မည်ဟု မျှော်မှန်းထားသည်။
တရုတ်ပြည် ခရီးစဉ်များ ပြန်လည်ပြေးဆွဲလျက်ရှိရာ တပတ်လျှင် ခရီးစဉ် ၁၀၈ ခု ပျံသန်းလျက် ရှိသည်။ ယခုနှစ် နှစ်ကုန်တွင် ခရီးစဉ် ၁၃၈ ခုအထိ ဖြစ်လာမည်။
ထိုင်းနိုင်ငံသို့ လာရောက်သည့် တရုတ်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ အခကြေးသည် ဘတ် ၂,၀၀၀ သတ်မှတ်ထားသည်မှာ အခြားနိုင်ငံများထက် များလွန်းသည်ဟု Mr Santisuk က ပြောကြားသည်။
Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL