ထိုင်းလေကြောင်းလိုင်း ကြွေးမြီ ဘတ် ဘီလီယံ ၄၁၀ ကျော် ကြွေးဆပ်ရန် ၈ နှစ်ကြာမည် ခန့်မှန်း
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Thai Airways International တွင် စီးပွားရေးနှင့် ပုံမှန်ငွေသားစီးဆင်းမှု တိုးတက်ကောင်းမွန်လာသဖြင့် ၂၀၃၁ ခုနှစ်တွင် ၎င်း၏ အကြွေးပြန်ဆပ်ရမည့် တာဝန်များကို ကျေပွန်မည်ဟု လေကြောင်းလိုင်း၏ စီအီးအို Chai Eamsiri က ပြောကြားသည်။
လေကြောင်းလိုင်းသည် ၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့မှစတင်၍ လုပ်ငန်းပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေပါသည်။
အဖွဲ့အစည်းပြန်လည်ဖွဲ့စည်းခြင်း၊ Thai Airways နှင့် Thai Smile Airways တို့ကို ပေါင်းစည်းခြင်းနှင့် ကြွေးမြီအုပ်စု ၃၆ စုအတွက် ကြွေးမြီပြန်ဆပ်မှု အရှိန်မြှင့်ခြင်းတို့တွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း Chai မှ ပြောကြားသည်။
အရင်းနှင့် အတိုးအပါအဝင် စုစုပေါင်းကြွေးမြီမှာ ဘတ် ၄၁၀ ဘီလီယံကျော်ရှိသည်။
Thai Airways သည် အကြွေး ဘတ် ၁၀ ဘီလီယံခန့်ကို ပြန်ဆပ်မည်ဖြစ်သည်။
“အခုကစပြီး ရှစ်နှစ်ကြာရင် Thai Airways ဟာ ကြွေးရှင် အုပ်စုတိုင်းက အကြွေးတွေ အားလုံးကို ရှင်းေပးပြီးသား ဖြစ်သွားမှာပါ။ ကျွန်တော်တို့ လက်ထဲမှာ လောလောဆယ် ငွေသား ဘတ် ၅၀ ဘီလီယံ ရှိပြီး တချို့တဝက်ကို နောက်နှစ်မှာ အကြွေးပေးဆပ်ဖို့ ပြင်ဆင်နေပါတယ်” ဟု Chai က ပြောသည်။
Thai Airways သည် ကိုဗစ်ကာလ ခရီးစဉ်များ ဖျက်သိမ်းခဲ့စဉ်က ကြိုရောင်းထားသည့် လေယာဉ်လက်မှတ်များကို ငွေပြန်အမ်းရန် ကြွေးမြီတာဝန် ရှိနေသည်။ အပြည့်အဝ ပြန်အမ်းမည် ဖြစ်ပြီး စုစုပေါင်း ကြွေးမြီ ဘတ် ၁.၂ ဘီလီယံ ရှိသည်။ နောက်နှစ်မတ်လတွင် ငွေပြန်အမ်းသည့် လုပ်ငန်းစဉ် စတင်မည်။ အောက်တိုဘာလတွင် အဆုံးသတ်မည်။
Source thenationthailand
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL