မလေးရှား လေကြောင်းလိုင်း အစားအသောက် စံမမီသဖြင့် ဝေဖန်ခံနေရ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
မလေးရှားလေကြောင်းလိုင်းသည် လေယာဉ်ပေါ် ကျွေးမွေးသည့် အစားအစာအတွက် နာမည်ကောင်း ရထားသည့် လေကြောင်းလိုင်း ဖြစ်သည်။
သို့သော် ယခုအခါ Malaysia Airlines သည် ခရီးစဉ်တွင် လေယာဉ်ပေါ် ကျွေးမွေးသည့် အစားအစာများ စံမမီသဖြင့် အပြင်းအထန် ဝေဖန်ခံနေရသည်။ ခရီးသည်များအား မကျေနပ်စရာ အတွေ့အကြုံကို ပေးအပ်နေသည်။ ခရီးသည်များက လူမှုကွန်ရက်များတွင် ပုံနှင့်တကွ အစားအသောက် မကောင်းကြောင်း ပို့စ်များ တင်ကြသည်။
ကျွေးမွေးစရာ အစားအသောက်များ ပေးသွင်းနေသည့် ကန်ထရိုက်တာနှင့် ကန်ထရိုက် ရပ်ဆိုင်းလိုက်ချိန်တွင် အစားထိုး နေရာဝင်ယူရမည့် ကန်ထရိုက်တာကို ကြိုကြိုတင်တင် မစီစဉ်ထားသဖြင့် လက်ရှိတွင် လေကြောင်းလိုင်းမှာ အစားအသောက်များ ပေးသွင်းသည့် ကန်ထရိုက်တာ မရှိချေ။
သို့ဖြစ်ရာ မုန့်ဆိုင်မှာ ရောင်းသည့် မုန့်ထုပ်များဖြင့် အစားအသောက်ကို စီစဉ်ပေးလျက် ရှိသည်။ ဘီစကွတ်မုန့်ထုပ်၊ ပေါင်မုန့်ထုပ်၊ ရေသန့်ဘူးတို့ဖြင့် ကျွေးမွေးလျက်ရှိသည်။ လေယာဉ်ပေါ် ကျွေးလေ့ကျွေးထ ရှိသည့် စားဖိုးမှူးက ချက်ပြုတ်စီမံပေးထားသည့် အစားအစာမျိုး မဟုတ်သဖြင့် စံမမီချေ။
မလေးရှားလေကြောင်းလိုင်း၏ မိခင်ကုမ္ပဏီ Malaysia Aviation Group (MAG) သည် Brahim's Food Services Sdn Bhd (BFS) နှင့် ၂၆ နှစ်ကြာ ကျွေးမွေးရေးဆိုင်ရာ စာချုပ်ကို စက်တင်ဘာ ၁ ရက်က ရပ်ဆိုင်းခဲ့သည်။
သက်တမ်းတိုးသည့် စာချုပ်အသစ်မှ အချက်အချို့အပေါ် သဘောတူညီမှု မရသဖြင့် ကန်ထရိုက် ရပ်ဆိုင်းလိုက်ကြခြင်း ဖြစ်သည်။
Malaysia Airlines သည် ၂၂ နိုင်ငံမှ လေဆိပ် ၇၇ ခုသို့ ခရီးစဉ်များ ပြေးဆွဲသည်။ ပြည်တွင်းခရီးစဉ်များလည်း ပြေးဆွဲသည်။ အစားအသောက် ပြဿနာ ရှိနေသည့် ခရီးစဉ်များတွင် ပြည်တွင်း ခရီးစဉ်များအပြင် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ တရုတ်နှင့် ဟောင်ကောင် ခရီးစဉ်များလည်း ပါဝင်သည်။
Source ch aviation
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL