Transportation

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Boeing 737-400 Cargo လေယာဉ် ရောက်ရှိ

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Boeing 737-400 Cargo လေယာဉ် ရောက်ရှိ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

မြန်မာနိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်သော မြန်မာအမျိုးသားလေကြောင်းမှ ယနေ့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Boeing 737-400 လေယာဉ်အမျိုးအစား Cargo လေယာဉ်အား ကြိုဆိုသည့်အခမ်းအနား အား ကျင်းပပြုလုပ်ခဲ့ပါသည်။

 

လေယာဉ်အမှတ် 9M-POS၊ Flight No. (3G087) Cargo လေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ထွက်ခွာ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နေ့လယ် (၂)နာရီတွင် ဆိုက်ရောက်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များတွင် အသုံးပြုပျံသန်းပြေးဆွဲသွားမည်ဖြစ်ပါသည်။

 

တန်ချိန်အားဖြင့် ၁၈တန်အထိ သယ်ဆောင်နိုင်မည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍ မရသော Dangerous Goods များလည်း ပို့ဆောင်နိုင်မည်ဖြစ်ပါသည်။ ရန်ကုန်မြို့မှအခြေပြု၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိမြို့များနှင့် ကွာလာလမ်ပူမြို့၊ စင်ကာပူမြို့၊ ဟောင်ကောင်မြို့၊ အိန္ဒိယနိုင်ငံတို့သို့ ကူးသန်းပြေးဆွဲသွားရန်စီစဉ်ထားရှိပါသည်။

 

ယနေ့ မြန်မာအမျိုးသားလေကြောင်း၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပြည့်မြောက်သည့်အထိမ်းအမှတ်အနေဖြင့် Boeing 737-400 လေယာဉ်အမှတ် 9M-POS (Flight No. 3G087) Cargo လေယာဉ်အား ရန်ကုန်မြို့သို့ စတင်သယ်ဆောင်လာခြင်းဖြစ်ပြီး ထိုလေယာဉ်ဖြင့် မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့်ခရီးစဉ်များကို ပိုမိုချဲ့ထွင် ပျံသန်းပို့ဆောင်နိုင်စေမည်ဖြစ်ပါသည်။

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)