အရှေ့တောင်အာရှ ပထမဆုံး ကျည်ဆန်ရထား အင်ဒိုနီးရှား စတင်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အင်ဒိုနီးရှားသည် အရှေ့တောင်အာရှ၏ ပထမဆုံး ကျည်ဆန်ရထားကို တနင်္ဂနွေနေ့(အောက်တိုဘာလ ၁) တွင် စတင်လိုက်သည်။
မြန်နှုန်းမြင့်ရထား ဝန်ဆောင်မှုလိုင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး မြို့နှစ်မြို့အကြား ပြေးဆွဲသည်။
အဆိုပါ ကျည်ဆံရထားသည် တရုတ်နိုင်ငံ Belt and Road အခြေခံအဆောက်အအုံဆိုင်ရာ ပဏာမခြေလှမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်အစိုးရပိုင်ကုမ္ပဏီများမှ ချေးငွေများဖြင့် အကောင်အထည်ဖော်ခဲ့သည်။
နှောင့်နှေးမှုများနှင့် အဆင်မပြေမှုများ တသီတတန်း ကြုံခဲ့ရပြီးသည့်နောက် စတင်လိုက်ခြင်း ဖြစ်သည်။
အဆိုပါရထားသည် ဂျာကာတာမြို့တော်နှင့် အနောက်ဂျာဗားရှိ ဘန်ဒေါင်းမြို့တို့အကြား ပြေးဆွဲပါသည်။
ဘန်ဒေါင်းမြို့သည် အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး အနုပညာနှင့် ယဉ်ကျေးမှု အချက်အချာ ဖြစ်သည်။
၈၆ မိုင် (၁၃၈ ကီလိုမီတာ) ရှည်လျားသည့် မြန်နှုန်းမြင့်ရထားလိုင်းကို WHOOSH ဟု အမည်ပေးထားသည်။ အင်ဒိုနီးရှားဘာသာစကားတွင် "အချိန်ကုန်သက်သာခြင်း၊ အကောင်းဆုံးလုပ်ဆောင်မှု၊ ယုံကြည်စိတ်ချရသောစနစ်"ဟု ဆိုလိုသည်။
လျှပ်စစ်ရထားဖြစ်ပြီး အကြမ်းအားဖြင့် အမြန်နှုန်း တနာရီ ၂၁၇ မိုင်အထိ ပြေးနိုင်သည်။
ဂျာကာတာနှင့် ဘန်ဒေါင်ကို တနာရီအတွင်း ရောက်ရှိသည်။
အင်ဒိုနီးရှား၏ အခြေအနေများနှင့် ကိုက်ညီအောင် ဒီဇိုင်းထုတ်ထားပြီး ရထားများတွင် ငလျင်၊ ရေလွှမ်းမိုးမှုနှင့် အခြားသော အရေးပေါ်အခြေအနေများကို တုံ့ပြန်နိုင်သည့် လုံခြုံရေးစနစ် တပ်ဆင်ထားသည်။
ရထားတွဲ ၈ တွဲပါပြီး တွဲတိုင်းတွင် Wi-Fi နှင့် USB အားသွင်းပေါက်များ ပါသည်။ ခရီးသည် ၆၀၁ ဦး အထိ လိုက်ပါနိုင်သည်။
ပထမတန်း၊ ဒုတိယတန်းနှင့် VIP ဟူ၍ အတန်းအစား ၃ မျိုးခွဲထားသည်။
Source cnn
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL