တရုတ်ကျည်ဆံရထား အရှေ့ဥရောပ ဝယ်ယူ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဥရောပရှိ ရထားလမ်း စီမံကိန်းအတွက် မြန်နှုန်းမြင့်ရထားများ ဝယ်ယူရန်အတွက် တရုတ်နှင့် ဆားဘီးယားတို့ စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။
တရုတ်နိုင်ငံမှ CRRC Changchun ထုတ်လုပ်သည့် ကျည်ဆံရထားကို ဆားဘီးယားနိုင်ငံ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ ဝန်ကြီးဌာနက ဝယ်ယူသုံးစွဲမည် ဖြစ်သည်။
တရုတ်မှ အရှေ့ဥရောပသို့ ပထမဆုံးအကြိမ် ရောင်းချသည့် ကျည်ဆံရထား ဖြစ်သည်။
၎င်းကျည်ဆံရထားသည် ဟန်ဂေရီ-ဆားဘီးယား နှစ်နိုင်ငံအကြား ထားရှိမည့် မြန်နှုန်းမြင့်ရထားလမ်းအတွက် ဖြစ်သည်။
ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့အကြား အလျား ၃၄၁.၇ ကီလိုမီတာရှိသည့် ဟန်ဂေရီ-ဆားဗီးယား မီးရထားလမ်းသည် ဟန်ဂေရီတွင် ၁၅၈.၆ ကီလိုမီတာနှင့် ဆာဘီးယားတွင် ၁၈၃.၆ ကီလိုမီတာ ရှိသည်။
ဟန်ဂေရီ မြို့တော် ဘူဒါပတ်စ်နှင့် ဆားဘီးယား မြို့တော် ဘယ်လ်ဂရိတ်တို့အကြား သွားလာချိန်ကို ၈ နာရီမှ ၃ နာရီသုိ့လျှော့ချေပးမည်ဖြစ်သည်။
တနာရီ ကီလိုမီတာ ၂၀၀ အမြန်နှုန်းအထိ ပြေးဆွဲနိုင်မည် ဖြစ်သည်။
၂၀၂၅ ခုနစ်တွင် စတင်ပြေးဆွဲမည်။
Source: SHINE
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL