ဗီယက်နမ် Bamboo Airways နိုင်ငံတကာခရီးစဉ် အချို့ ရပ်ဆိုင်း
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဗီယက်နမ် ဘတ်ဂျက်လေကြောင်းလိုင်း Bamboo Airways သည် အာရှနှင့် ဥရောပသို့ ပျံသန်းမည့် နိုင်ငံတကာ ခရီးစဉ် ၁၀ ခုကို အောက်တိုဘာလ၂၉ ရက်မှ စတင်၍ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာသည်။
လေကြောင်းလိုင်းသည် ဟနွိုင်းနှင့် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကြား ပျံသန်းမှုများကို တနင်္ဂနွေနေ့မှ စတင်ကာ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၎င်း၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာခဲ့သည်။
ဟိုချီးမင်းစီးတီးမှ စင်ကာပူ၊ ဩစတြေးလျနိုင်ငံ ဆစ်ဒနီနှင့် မဲလ်ဘုန်းသို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်များကို နိုဝင်ဘာလ ၄ ရက်မှ စ၍ ရပ်နားမည်ဖြစ်သည်။ ထို့ပြင် ဟိုချီးမင်းစီးတီးနှင့် ဟနွိုင်း
ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့သို့ လေကြောင်း ပြေးဆွဲမှုများကိုလည်း နိုဝင်ဘာလ ၄ ရက်မှ စ၍ ရပ်နားမည် ဖြစ်သည်။
ဟနွိုင်းမှ ဘန်ကောက်၊ ဂျပန် နာရီတာ နှင့် ထိုင်ပေ တိုင်ပေ တို့ကို ပျံသန်းသည့် ခရီးစဉ်များကို နိုဝင်ဘာလ ၈ရက်မှ စတင်၍ ရပ်နားထားမည်ဖြစ်သည်။
ဟိုချီမင်း-ဘန်ကောက် ခရီးစဉ်ကို နိုဝင်ဘာလ ၂၁ ရက် ကတည်းက ရပ်နားထားသည်။
ဟနွိုင်း-လန်ဒန် ခရီးစဉ်ကို အောက်တိုဘာလ ၁၈ ရက်မှ စတင်၍ ရပ်ဆိုင်းခဲ့သည်။
ရောင်းချပြီးသော လက်မှတ်များအတွက် အပြည့်အဝ ပြန်အမ်းငွေ သို့မဟုတ် ခရီးစဉ် အပြောင်းအလဲများကို စီစဉ်ပေးထားပါသည်။
ပြည်တွင်းလေကြောင်း ကွန်ရက်အတွက် Bamboo Airways သည် အဓိက ခရီးစဉ်များကို ဆက်လက်၍ ပုံမှန်ပျံသန်းလျက်ရှိသည်။
ကုမ္ပဏီ ဥက္ကဋ္ဌ Trinh Van Quyet သည် စတော့ရှယ်ယာဈေးကွက်ကို လှည့်ဖြားေဈးကစားမှုနှင့် လိမ်လည်မှုတို့ဖြင့် ပြီးခဲ့သည့် ဖမ်းဆီးခံထားရသည်။
Pacific Airlines နှင့် Air Mekong Luong Hoai Nam တို့တွင် စီအီးအို တာဝန်ထမ်းဆောင်ခဲ့ဖူးသူကို Bamboo Airways ၏ CEO အသစ်အဖြစ် အောက်တိုဘာလ ၂၃ ရက်တွင် ခန့်အပ်ခဲ့သည်။
ဗီယက်နမ်တွင် တတိယ အကြီးဆုံး လေကြောင်းလိုင်းဖြစ်သည့် Bamboo Airways သည် ကိုဗစ်ကာလ ထိခိုက်နစ်နာခဲ့သည်။
ယမန်နှစ် ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၇၀၀ ဝန်းကျင် အရှုံးပေါ်ခဲ့သည်။
Source vnexpress
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL