Hyundai Glovis ကမ္ဘာ့အကြီးဆုံး ကားတင်သင်္ဘောအသစ်များ သုံးစွဲမည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
တောင်ကိုရီးယားနိုင်ငံမှ သင်္ဘောလိုင်း Hyundai Glovis သည် ကမ္ဘာ့အကြီးဆုံး ကားနှင့် ထရပ်ကားတင်သင်္ဘော အသစ်များကို သုံးစွဲမည် ဖြစ်ပြီး ၎င်းကားတင်သင်္ဘောကြီးများ တည်ဆောက်ရန် သင်္ဘောကျင်းများထံ အမှာစာ မှာကြားမည် ဖြစ်သည်။
Hyundai Glovis သည် Hyundai Motor Group ၏ သင်္ဘောလိုင်းနှင့် လော့ဂျစွတစ်လုပ်ငန်း ဖြစ်သည်။
သမားရိုးကျ ရေကြောင်းသုံး လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည် liquefied natural gas LNG လောင်စာ ၂မျိုးသုံးနိုင်သည့် ကားတင်သင်္ဘော ၁၂ စီးကို မှာကြားမည်။ ထို့အတွက် ကန်ဒေါ်လာ ၁.၈၄ ဘီလီယံ သုံးစွဲမည်။ သင်္ဘောများကို ၂၀၁၇ ခုနှစ်တွင် အပြီးအစီး တည်ဆောက်ပေးရမည် ဖြစ်သည်။ ကားတင်သင်္ဘော အရွယ်အစားမှာ အစီးရေ ၁၀,၈၀၀ အထိ တင်ဆောင်နိုင်မည့် အရွယ်အစား ဖြစ်သည်။
Hyundai Glovis တွင် ကားတင်သင်္ဘော အစီး ၇၀ ကျော်ရှိသဖြင့် ကားတင်သင်္ဘောလိုင်းဟု လူသိများသော်လည်း ရေနံတင်သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ ဓာတ်ငွေ့ရည်တင် သင်္ဘောအသစ်များလည်း ရှိသည့် သင်္ဘောလိုင်းကြီး ဖြစ်ပါသည်။
Hyundai Glovis သည် ပြီးခဲ့သည့် နှစ်အနည်းငယ်တွင် မဟာဗျူဟာမြောက် ချဲ့ထွင်ခဲ့ရာ Hyundai ကားများသာမက Volkswagen, Ford, BMW တို့၏ ကားများကိုပါ သယ်ယူပို့ဆောင်ပါသည်။
ယခုအခါ တရုတ်ပြည်မှ ကားတင်ပို့မှုများ ပိုမိုများပြားလာသဖြင့် ကားတင်သင်္ဘော မလောက်ငှသည့် အခြေအနေတွင် ရောက်ရှိနေသည်။
Source splash247
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL