ရန်ကုန် - ကူမင်း - ရန်ကုန် လေကြောင်းကုန်စည် ပျံသန်းပြေးဆွဲ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန် - ကူမင်း - ရန်ကုန် လေကြောင်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးခရီးစဉ် Cargo Flight အား ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ ည (၂၃:၅၅)တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-400 Freighter လေယာဉ်ဖြင့်စတင်ပျံသန်းပြေးဆွဲခဲ့ပါသည်။
နိုဝင်ဘာလ (၄)ရက်တွင် ပျံသန်းသည့် ရန်ကုန် - ကူမင်း လေယာဉ်ခရီးစဉ် (UB-8501) ဖြင့် ရေထွက်ကုန်ပစ္စည်း ဂဏန်း နှင့် ငါးရှဉ့် (၁၃၀၂၆ ကီလို) ပါရှိသော ပုံးအရေအတွက် (၄၄၉)ပုံး နှင့် ကူမင်း - ရန်ကုန် လေယာဉ်ခရီးစဉ် (UB-8502) ဖြင့် အထည်အလိပ်များ၊ အဝတ်အထည်နှင့်ပတ်သက်သည့်ပစ္စည်း (၁၃၈၈၆ကီလို) ပါရှိသော ပုံးအရေအတွက် (၆၇၃) ပုံး တင်ဆောင်ပျံသန်းခဲ့ပါသည်။
ရန်ကုန် - ကူမင်း - ရန်ကုန် Cargo Flight အား နေ့စဉ်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။
•မြန်မာအမျိုးသားလေကြောင်း ရန်ကုန် - ကူမင်း - ရန်ကုန် ကုန်စည်သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များ (Cargo Flight) အား ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်မှ စတင်၍ ပျံသန်းပြေးဆွဲပါသည်။
• ကုန်တင်လေယာဉ် Boeing 737-400 Freighter လေယာဉ်ဖြင့် နေ့စဉ်ပြေးဆွဲသွားမည် ဖြစ်ပါသည်။
• ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို MNA Call Center သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
MNA Call Center:
+951 378603 – 04 – 06 – 07 – 08 |
+951 377840 – 41 – 42
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL