မြိတ်-ရန်ကုန် ခရီးသည်တင် အမြန်ရေယာဉ် ပြန်လည်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
မြိတ်-ရန်ကုန် ခရီးသည်တင် အမြန်ရေယာဉ်ကို လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ပြေးဆွဲခဲ့ပြီး ရပ်နားခဲ့ရာမှ ယခု ပွင့်လင်းရာသီတွင် ပြန်လည်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကားလမ်းခရီး မလုံခြုံသဖြင့် မသွားရဲမလာရဲ ဖြစ်နေကြရပါသည်။
လေကြောင်းဖြင့် သွားမည်ဆိုပါက လေယာဉ်လက်မှတ် စျေးနှုန်းများမှာ
● ကော့သောင်း-ရန်ကုန် ၄၄၈,၀၀၀ ကျပ်၊
● မြိတ်-ကော့သောင်း ၁၉၀,၀၀၀ ကျပ်၊
● မြိတ်-ရန်ကုန် ၂၇,၈၀၀၀ ကျပ်
ဖြစ်ပါသည်။
ယခုလက်ရှိအနေထားတွင် ရန်ကုန်-မြိတ် လေယာဉ်ခရီးစဉ်များအတွက် လက်မှတ်၀ယ်ယူရာတွင် ရက်ပေါင်း ၂၀ အထိ လက်မှတ်များ ရောင်းကုန်နေလေ့ရှိပြီး ရက် ၂၀ လောက် ကြိုတင်၀ယ်ယူပါမှ လက်မှတ်ရနိုင်မည် ဖြစ်ပါသည်။
ခရီးသည် ၃၀ ဝန်းကျင် လိုက်ပါသော မြိတ်-ရန်ကုန် ခရီးသည်တင် အမြန်ရေယာဉ်သည် ခရီးကြာချိန် ၁၁ နာရီဝန်းကျင်ရှိပါသည်။ မြိတ်မှ မနက် ၆ နာရီ စထွက်ပြီး ရန်ကုန်သို့ ညနေ ၅ နာရီ ဆိုက်ရောက်မည် ဖြစ်ပါသည်။
လက်ရှိ လောင်စာဆီစျေးနှုန်းအရ ရေယာဉ်လက်မှတ်ခမှာ တစောင် ကျပ် ၂ သိန်းဝန်းကျင် ဖြစ်ပါသည်။
မြိတ်-ကော့သောင်း ခရီးစဉ်ကိုလည်း ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေပါသည်။
Source MOI
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL