ထိုင်းလေကြောင်းလိုင်းအသစ် Really Cool Airline စတင်ပျံသန်းတော့မည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Really Cool Airline ၏ ပထမဆုံး စင်းလုံးငှား ချာတာလေယာဉ်သည် ၂၀၂၄ ခုနှစ် ဇွန်လတွင် ဘန်ကောက်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း တည်ထောင်သူနှင့် စီအီးအို Patee Sarasin မှ ပြောကြားပါသည်။
ပထမဆုံးသော ထိုင်းပိုင် လုပ်ငန်းသစ် လေကြောင်းလိုင်း Really Cool Airline သည် ကမ္ဘာပေါ်တွင် ဆန်းသစ်တီထွင်မှု အရှိဆုံး လေကြောင်းလိုင်းဖြစ်လာရန် အဆင်သင့် ဖြစ်နေပြီဟု ၎င်းက ဆိုသည်။
လေကြောင်းလိုင်းသည် လာမည့်နှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ Civil Aviation Authority of Thailand (CAAT) ထံမှ လေယာဉ်များကို စီးပွားဖြစ် အသုံးပြုရန် ခွင့်ပြုသည့် Air Operator's Certificate (AOC) ကို ရရှိရန် မျှော်လင့်ထားသည်။
ဇူလိုင်လတွင် CAAT သည် Really Cool ကို လေကြောင်း ဝန်ဆောင်မှုများအတွက် ပထမဆုံးလိုအပ်ချက် ဖြစ်သည့် လေကြောင်း လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် Air Operating Licence ကို ပေးအပ်ခဲ့သည်။
လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံ၏ အဓိကလေဆိပ် သုဝဏ္ဏဘူမိတွင် ထားရှိသည့် အခြေစိုက်စခန်းမှ ခရီး အလယ်အလတ်နှင့် ခရီးရှည် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ကြောင်း Patee မှ ပြောကြားပါသည်။
လေကြောင်းလိုင်းသည် ကနဦးတွင် ငှားရမ်းထားသော Airbus A330-300 ကိုယ်ထည်အကျယ် ဂျက်လေယာဉ်နှစ်စင်းဖြင့် စတင်ပျံသန်းပြေးဆွဲမည်။ ၂၀၂၄ နှစ်ကုန်ပိုင်းတွင် Airbus A350 နှစ်စင်း ထပ်တိုးမည်။
Really Cool သည် ဂျပန်နိုင်ငံ၊ အထူးသဖြင့် တိုကျိုမှ နာရီတာလေဆိပ် ခရီးစဉ်များကို ဝန်ဆောင်မှု စတင်ပေးမည်ဖြစ်ပြီး ပထမ နှစ်နှစ်တာ ကာလအတွင်း နောက်ထပ် အာရှ ခရီးစဉ်များဖြစ်သည့် ဟောင်ကောင်၊ စင်ကာပူနှင့် ရှန်ဟိုင်းတို့သို့ ပြေးဆွဲမည် ဖြစ်သည်။
ဥရောပသို့ လေကြောင်းခရီးစဉ်များကို ၂၀၂၅ ခုနှစ်တွင် စတင်ပြေးဆွဲရန် မျှော်လင့်ထားသည်။
လေယာဉ်လက်မှတ် ရောင်းချသည့် ဝင်ငွေ ၅၀% နှင့် လေယာဉ်လက်မှတ်ခ မဟုတ်သည့် အခြားဝင်ငွေ ၅၀% မျှမျှတတဖြင့် ဝင်ငွေ ရှာဖွေမည်။
လေကြောင်းကုန်စည် ပို့ဆောင်ရေးဖြင့် ၁၅% ဝင်ငွေ ရှာဖွေမည်။ လေယာဉ်စီးသူ၏ ဝန်စည်စလယ် အထုပ်အပိုးတို့ သယ်ယူပေးသည့် ဝန်ဆောင်မှု ပေးအပ်မည်။ ၎င်းဝန်ဆောင်မှုသည် လေယာဉ်စီးသူ သယ်ယူလိုသည့် အထုပ်အပိုးများ ကို အိမ်တိုင်ရာရောက် လာယူပေးမည်။ လေဆိပ်တွင် check-in လုပ်ပေးမည်။ လိုရာခရီးသို့ အချိန်မီ ရောက်ရှိအောင် ပို့ဆောင်ပေးမည်။ အိမ် သို့မဟုတ် ဟိုတယ်သို့ အရောက်ပို့ပေးမည် ဖြစ်သည်။
အရင်းအနှီး ငွေကြေး ရရှိရန် စတော့အိပ်ချိန်းတွင် စာရင်းဝင်ပြီး ရှယ်ယာများ ရောင်းချမည်။ ထိုင်းစတော့အိပ်ချိန်းသည် အနည်းဆုံး ၃ နှစ်ဆက်တိုက် အမြတ်ရရှိပြီးမှသာ စာရင်းဝင်ဖြစ်ဖို့ လျှောက်ထားနိုင်သဖြင့် ထိုင်းစတော့အိပ်ချိန်းကို အသုံးမပြုဟု ၎င်းက ဆိုသည်။
အနည်းဆုံး ၁၈ လဆက်တိုက် အမြတ်ရရှိပြီးပါက စာရင်းဝင် ဖြစ်ခွင့်ပေးသည့် ပြည်ပရှိ စတော့အိပ်ချိန်းကို အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
Source nationthailand
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL