Transportation

ဒေဝါလီခံထားသည့် ထိုင်းလေကြောင်းလိုင်း အသားတင်အမြတ် ဘတ် ၁၆ ဘီလီယံကျော် ရရှိ

ဒေဝါလီခံထားသည့် ထိုင်းလေကြောင်းလိုင်း အသားတင်အမြတ် ဘတ် ၁၆ ဘီလီယံကျော် ရရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Thai International Airways Public Company Limited (THAI) သည် ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ပထမ ကိုးလတာတွင် အသားတင်အမြတ်ငွေ ဘတ် ၁၆.၃၁ ဘီလီယံ ရရှိခဲ့ကြောင်း အစီရင်ခံပါသည်။

အမြတ်ရရှိနေသည်မှာ ၃ လပတ် ၄ ခုဆက်တိုက် ရှိသွားပြီဖြစ်သည်။ ခရီးသည် ရရှိသည့် အခြေအနေလည်း တိုးတက်ကောင်းမွန်နေပါသည်။

 

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ပြီးဆုံးသည့် ၃ လပတ်တွင် အသားတင်အမြတ် ဘတ် ၁.၅၄ ဘီလီယံ (ကန်ဒေါ်လာ ၄၃ သန်း) ရရှိခဲ့သည်။ ယမန်နှစ် အလားတူကာလတွင် ဘတ် ၄.၇၉ ဘီလီယံ အရှုံးပြခဲ့ပါသည်။

 

စက်တင်ဘာလတွင် ပြီးဆုံးသည့် ၃ လပတ်တွင် ခရီးသည် ၃.၂၇ သန်း ပို့ဆောင်ပေးခဲ့ပါသည်။ တရုတ်ခရီးသွားများမှာ အများစုဖြစ်ပြီး ၁.၀၅ သန်း ကို ပို့ဆောင်ပေးခဲ့သည်။ 

 

THAI သည် ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ် အရှုံးပြခဲ့သည်။ THAI သည် ကြွေးတင်နေခဲ့ပြီး အချိန်မီ ပြန်ဆပ်နိုင်ခြင်း မရှ်သဖြင့် ၂၀၂၀ ပြည့်နှစ်တွင်  ဒေဝါလီခံပြီး တရားရုံး အကာအကွယ် ရယူခဲ့ရာ တရားရုံး၏ ကြီးကြပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်ပါသည်။

ယခုအခါ ဦးမော့နေပြီ ဖြစ်သဖြင့် ၂၀၂၄ ခုနှစ်ထဲတွင် တရားရုံး ကြီးကြပ်မှုအောက်မှ ပြန်ထွကါနိုင်မည်ဟု ခန့်မှန်းထားသည်ဟု လေကြောင်းလိုင်း၏ ကြွေးမြီပြန်လည်ထူထောင်ရေး စီမံခန့်ခွဲရေးဥက္ကဋ္ဌ Piyasvasti Amranand က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 

THAI သည် ခရီးစဉ် ချဲ့ထွင်မှုကို ကူညီရန်အတွက်  လေယာဉ်အသစ် ၂၃ စီးခန့် ငှားရမ်းမည်ဟု Mr Piyasvasti မှ ပြောကြားပါသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(6 votes)