Transportation

တရုတ်လေကြောင်းလိုင်း $1.40 ဖြင့် မှားယွင်းရောင်းချခဲ့သော လေယာဉ်လက်မှတ်များကို လက်ခံအတည်ပြု

တရုတ်လေကြောင်းလိုင်း $1.40 ဖြင့် မှားယွင်းရောင်းချခဲ့သော လေယာဉ်လက်မှတ်များကို လက်ခံအတည်ပြု

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်နိုင်ငံမှ China Southern Airlines သည် လေယာဉ်လက်မှတ်များကို တစောင်လျှင် $1.40 ဖြင့် အမှားမှားအယွင်းယွင်း ရောင်းချခဲ့သော်လည်း ၎င်းလက်မှတ်များကို လက်ခံအတည်ပြုကြောင်း အသိပေးကြေညာခဲ့သည်။

China SouthernAirlines ချန်ဒူးမှ ပေကျင်းသို့ ပျံသန်းသည့် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်သည် အနည်းဆုံး  $55 ဝန်းကျင်ဖြစ်ပါသည်။

၎င်းလက်မှတ်ကို အွန်လိုင်း လက်မှတ်ရောင်းသည့် စနစ် ချို့ယွင်းချက်ကြောင့် ချွတ်ချော်ပြီး အမှားမှားအယွင်းယွင်းဖြစ်ကာ ၁၀ ယွမ် ($1.40 ဝန်းကျင်) ဖြင့် ရောင်းချခဲ့သည်ကို လေကြောင်းလိုင်းက လက်ခံအတည်ပြုပေးပါသည်။

 

China Southern Airlines အက်ပ်တွင် နိုဝင်ဘာလ ၈ ရက် ည ၈ နာရီဝန်းကျင်တွင် ချို့ယွင်းချက် ဖြစ်ပွားခဲ့ပါသည်။ 

ထိုအချိန်တွင် ချန်ဒူးမှ ပေကျင်းသို့ လေယာဉ် လက်မှတ်ဝယ်ယူသူများကို လက်မှတ် တစောင်လျှင် ယွမ် ၁၀ မှ ၃၀ အထိဖြင့် ရောင်းချခဲ့ပါသည်။

 

စနစ်ချို့ယွင်းမှု ဖြစ်ပွားနေချိန် ၂ နာရီခန့် ကြာမြင့်စဉ်အတွင်း  China Southern Airlines မှ လက်မှတ်များ မည်ရွေ့မည်မျှ ရောင်းရပြီး မည်သည့်လေယာဉ် ခရီးစဉ်များ ရောင်းချခဲ့သည်ကို ထုတ်ပြန်ကြေညာခြင်း မပြုပါ။ 

 

China Southern Airlines သည် နောက်တနေ့ နိုဝင်ဘာလ ၉ ရက်တွင် ၎င်း၏ တရားဝင် Weibo လူမှုမီဒီယာအကောင့်တွင် စနစ်ချို့ယွင်းမှုအတွင်း ငွေပေးခေိပြီး ရယူထားသည့် လက်မှတ်များသည် "အားလုံးတရားဝင်သည်" ဟု ကြေညာပါသည်။ သို့ဖြစ်ရာဝယ်ယူထားသူများသည် ၎င်းလက်မှတ်များကို အသုံးပြုနိုင်သည်ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။

 

Source businessinsider 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)